skip to content
 
ရန်ကုန်၊ စက်တင်ဘာလ(၉)ရက်။
 
ဖိလစ်ပိုင်သမ္မတနိုင်ငံ ကလက်မြို့၌ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ကမ္ဘာ့အဆင့်သတ်မှတ်ရေး အာရှပတ်လည်မြားပစ်ပြိုင်ပွဲ(2019 Asia Cup Ranking Tournament Stage 3)သို့၀င်ရောက် ယှဉ်ပြိုင်ရန်(၃၀)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီမှ SITO (Jury)အဖြစ် အထူးဖိတ်ကြားထားသည့် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွွှန်ကြားရေးမှူးချုပ် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်ဦး၊အသင်းအုပ်ချုပ်သူ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန လက်ထောက်ညွွှန်ကြားရေးမှူး ဒေါ်ကေသီ၊ နည်းပြချုပ်/နည်းပြ (၃)ဦး အားကစားသမား (Recurve)အမျိုးသား (၄)ဦး၊အမျိုးသမီး (၃)ဦးနှင့် အားကစားသမား(Compound)အမျိုးသား(၃)ဦး၊ အမျိုးသမီး(၃)ဦး စုစုပေါင်း(၁၈)ဦးတို့သည် ယနေ့နံနက် (၁၁)နာရီ မိနစ်(၃၀)အချိန်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှထွက်ခွာ သွားရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးတောက်ထွန်းနှင့်မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်မှ အမှုဆောင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာ၀န်ရှိပုဂ္ဂိုလ်များက ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။
 

back to top Eng