Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
၂ဝ၁၈ ခုနှစ်၊ (၇ဝ) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း (အမျိုးသား)၊ ဖူဆယ် (အမျိုးသား)၊ ထုပ်ဆီးတိုး(အမျိုးသမီး)ပြိုင်ပွဲနှင့် လွန်ဆွဲ (အမျိုးသား/အမျိုးသမီး) ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ
နေပြည်တော်၊ ဇန်နဝါရီလ(၄)ရက်။
၂ဝ၁၈ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက် သော (၇ဝ)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နေပြည်တော်ရှိဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ၏ လွန်ဆွဲ (အမျိုးသား/အမျိုးသမီး) ဗိုလ်လုပွဲနှင့် တတိယနေရာ လုပွဲများအား ယနေ့နံနက်(၈)နာရီမှစ၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း အမှတ်(၃)၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရာထူးဝန် အဖွဲ့ဝင်ဒေါက်တာဦးပွားနှင့် ဦးဝင်းမော်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ဝင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပရေးဆပ်ကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် ဝန်ကြီးဌာနအသီးသီးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်းနှင့် အမှုထမ်းများ လာရောက်ကြည့်ရှု အားပေးကြသည်။
ရှေးဦးစွာ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်းအမှတ် (၃)၌ ကျင်းပပြုလုပ်သော အမျိုးသမီးလွန်ဆွဲပြိုင်ပွဲ တတိယနေရာလုပွဲအဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအသင်းနှင့် ပညာရေးဝန်ကြီးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအသင်း မှ (၂) ပွဲ ပြတ်ဖြင့်လည်းကောင်း၊ အမျိုးသား လွန်ဆွဲတတိယနေရာလုပွဲအဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအသင်းနှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအသင်းမှ (၂) ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီး အနိုင်ရခဲ့သည်။
ဆက်လက်၍ လွန်ဆွဲပြိုင်ပွဲဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားရာ အမျိုးသမီးပွဲစဉ်တွင် ပြည်ထောင်စုရာထူးဝန်အသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ(၂) ပွဲပြတ်ဖြင့်လည်းကောင်း၊ အမျိုးသားပွဲစဉ်တွင် ပြည်ထောင်စုရာထူးဝန်အသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနအသင်း တို့ယှဉ်ပြိုင်ကစားကြရာ ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ (၂)ပွဲ (၁) ပွဲဖြင့်လည်းကောင်း အသီးသီးအနိုင်ရ ဗိုလ်စွဲသွား သည်။
ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားကိုဆက်လက်ကျင်းပရာ လွန်ဆွဲပြိုင်ပွဲ (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲတွင် စတုတ္ထဆုရရှိသော ပညာရေးဝန်ကြီးဌာနနှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းတို့အား အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးမောင်မောင်စိုးမှ ငွေကျပ်(၂)သိန်းစီကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ အမျိုးသားလွန်ဆွဲပြိုင်ပွဲတွင် ပထမဆုရရှိသော ကာကွယ်ရေးဝန်ကြီးဌာနအသင်းအား ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင်ဦးဝင်းမော်မှ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု (၇)သိန်းကျပ်ကိုလည်းကောင်း၊ ဒုတိယဆုရရှိသော ပြည်ထောင်စုရာထူးဝန်အသင်းအား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု (၅) သိန်းကျပ်ကို လည်းကောင်း၊ တတိယဆုရရှိသော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အသင်းအား မြန်မာနိုင်ငံရိုးရာ အားကစားအဖွဲ့ချုပ် ဥက္ကဌ ဦးထွန်းလင်းသောင်းမှ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု (၃)သိန်း ကျပ်ကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ အမျိုးသမီးလွန်ဆွဲပြိုင်ပွဲတွင် ပထမဆုရရှိသော ကာကွယ်ရေးဝန်ကြီးဌာနအသင်းအား ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင်ဦးဝင်းမော်၏ဇနီး ဒေါ်နန်းနေနွယ်မှ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု (၇)သိန်းကျပ်ကိုလည်းကောင်း၊ ဒုတိယဆုရရှိသော ပြည်ထောင်စုရာထူးဝန်အသင်းအား ပြည်ထောင်စုရာထူးဝန်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါ်သီသီလွင်မှ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု (၅)သိန်းကျပ် ကိုလည်းကောင်း၊ တတိယဆုရရှိသော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအသင်းအား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးထွန်းသန့်မှ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု (၃)သိန်းကျပ်ကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုရရှိသော ဆောက်လုပ်ရေးဝန်ကြီး ဌာနအသင်းအား ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင်ဒေါက်တာဦးပွားမှ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု (၇)သိန်းကျပ်ကိုလည်းကောင်း၊ ဒုတိယဆုရရှိသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနအသင်းအား ပြည်ထောင်စုရာထူးဝန်အဖွဲ့ ñွှန်ကြားရေးမှူးချုပ်ဦးကျော်စိုးမှ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု (၅) သိန်းကျပ်ကို လည်းကောင်း၊ တတိယဆုရရှိသော မြန်မာနိုင်ငံတော်ဗဟိုဘဏ်အသင်းအား အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်ဆန်းမှ တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆု (၃)သိန်းကျပ်ကိုလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ထုပ်ဆီးတိုးပြိုင်ပွဲတွင် ပထမဆုရရှိသော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအသင်းအား ပြည်ထောင်စုရာထူးဝန်အဖွဲ့ အမြဲတမ်းအတွင်းဝန်ဦးခင်မောင်ဝင်းမှ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု(၇)သိန်းကျပ်ကိုလည်းကောင်း၊ ဒုတိယရရှိသော ပြည်ထောင်စုလွှတ်တော်ရုံးအသင်းအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ဒုတိယñွှန်ကြားရေးမှူးချုပ်ဦးသန်းထွဋ်ဆွေမှ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု (၅)သိန်းကျပ်ကို လည်းကောင်း၊ တတိယဆုရရှိသော ဆောက်လုပ်ရေးဝန်ကြီး ဌာနအသင်းအား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဌေးအောင်မှ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု (၃)သိန်းကျပ်ကိုလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ ဖူဆယ်ပြိုင်ပွဲတွင် ပထမဆုရရှိသော လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်မှ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု (၇)သိန်းကျပ်ကိုလည်းကောင်း၊ ဒုတိယဆုရရှိသော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအသင်းအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်ဦးကျော်ဦးမှ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု (၅)သိန်းကျပ်ကို လည်းကောင်း၊ တတိယဆုရရှိသော ဆောက်လုပ်ရေးအသင်းအား အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးထွန်းမြင့်ဦးမှ တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆု (၃)သိန်းကျပ်ကိုလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါပြိုင်ပွဲများနှင့်ဆုပေးပွဲအပြီး လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပရေး ဆပ်ကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများသည် (၇ဝ)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နေပြည်တော်ရှိ အခြေခံပညာကျောင်းများတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသော သက်ဆိုင်ရာ ဝန်ကြီးဌာနမှဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများ၏ အားကစားပြိုင်ပွဲနှင့်ပျော်ပွဲရွှင်ပွဲ အခမ်းအနားများသို့ တက်ရောက်ကာ ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
41 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display