skip to content
ရန်ကုန်၊စက်တင်ဘာလ(၂၉)ရက်။
 
အိန္ဒိယနိုင်ငံတွင် စက်တင်ဘာလ(၂၉)ရက်နေ့မှ အောက်တိုဘာလ (၂၈)ရက်နေ့အထိ  ပူးတွဲလေ့ကျင့်သွားရောက်မည့် ဟော်ကီ၊ သေနတ်ပစ်နှင့် ကြက်တောင် အားကစားအဖွဲ့များတို့သည် ယမန်နေ့ည (၇)နာရီ (၄၅)မိနစ် အချိန်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးဖြင့်ထွက်ခွာသွားရာ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်း ဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံဟော်ကီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစောလုလုထော်နှင့် သက်ဆိုင်ရာအဖွဲ့ချုပ်များမှ တာ၀န်ရှိသူများ၊ မိဘဆွေမျိုးများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။
 
ဟော်ကီအားကစားအဖွဲ့မှ အဖွဲ့ခေါင်းဆောင် အားကစားမှူး ဦးသိန်းထွေး၊ နည်းပြချုပ်၊ လက်ထောက်နည်းပြနှင့် အားကစားသမား စုစုပေါင်း (၁၅)ဦး ၊ သေနတ်ပစ်အားကစားနည်းမှ အုပ်ချုပ်/နည်းပြ ဦးထူးနိုင်(အလုပ်အမှုဆောင်)နှင့် နည်းပြအားကစားသမား စုစုပေါင်း(၉)ဦး၊ ကြက်တောင်အားကစားနည်းမှ နည်းပြအားကစားသမား ဦးကောင်းဇော်ဟိန်းနှင့် အားကစားသမား(၂)ဦး စုစုပေါင်း(၂၇)ဦးတို့ဖြစ်ကြောင်းသိရှိရသည်။
 

back to top Eng