skip to content
ရန်ကုန်၊ သြဂုတ်လ( ၂၆ )ရက်။
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ကျောင်းသား/ကျောင်းသူများအတွင်း ဝူရှူးအားကစားနည်းကို ကျယ်ပြန့်စွာ ပါဝင်ကစားလာနိုင်စေရေး၊ ကျောင်းသား/ကျောင်းသူ ပညာရေးအပြင် အားကစားတစ်ခုခုကို လေ့ကျင့်ကစားမှသာလျင် ကျန်းမာကြံ့ခိုင်၊သန်စွမ်း ဉာဏ်ရည်တိုးတက်ပြီး  ထူးချွန်ကျောင်းသား လူငယ်များဖြစ်လာမည့်အပြင်  မျိုးဆက်သစ်ဝူရှူးအားကစားသမားများစဉ်ဆက်မပြတ် ပေါ်ထွက်လာစေရေးအား ရည်ရွယ်၍  ယနေ့နံနက်(၉)နာရီက ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်  ဝူရှူးအားကစားအဖွဲ့ချုပ်လေ့ကျင့်ရေးအားကစားခန်းမ၌ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ၊ ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံး နှင့် မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော ရန်ကုန်တိုင်းဒေသကြီးအခြေခံပညာကျောင်း ပေါင်းစုံ ဝူရှူးပြိုင်ပွဲ ဖွင့်ပွဲအား ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကြ  ဦးလေးနိုင်မြင့်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦး၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးအောင်မိုးနှင့် တာဝန်ရှိသူများ၊ မြန်မာနို်င်ငံဝူရှူးအဖွဲ့ချုပ်ဥက္ကြ ဦးသစ္စာနှင့် ဒုတိယဥက္ကြ ဒေါ်ရင်ရင်(ခ) ဒေါ်သန်းသန်းအေး နှင့် အမှုဆောင်အဖွဲ့ဝင်များ၊ အားကစားသမားများနှင့် ဝူရှူးအားကစား ဝါသနာရှင်များတက်ရောက်ကြသည်။
 
ဆက်လက်ပြီး ပြိုင်ပွဲဝင် ဝူရှူးအားကစားသမားများအား  အနောက်ပိုင်းခရိုင်ပညာ ရေးမှူးရုံး ဦးတင့်ဝေနှင့် အဖွဲ့ချုပ်ဥက္ကဌ ဦးသစ္စာတို့က အဖွင့်ကျေးဇူးတင်စကားပြောကြားခဲ့ပြီး  ပြိုင်ပွဲဖွင့်လှစ်ပေးသည်။
 
ဖွင့်ပွဲအပြီးတွင် ဝူရှူးအားကစားမောင်/မယ်များက စုပေါင်းကစားကွက်များ၊ (၂၉)ကြိမ်မြောက်အရှေ့တောင်အာရှရွှေတံဆိပ်ဆုရှင် မြတ်သက်စုဝေဖြိုး၊ သိန်းသန်းဦး၊ ငွေတံဆိပ်ဆုရှင် စန္ဒီဦးနှင့် ကြေးတံဆိပ်ဆုရှင်များက ဝူရှူးကစားကွက်များဖြင့် သရုပ်ပြသပြီး အောင်ပွဲရ ဝူရှူးအားကစားသမားများအား  မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ် ဒုတိယဥက္ကြ ဒေါ်ရင်ရင် (ခ)ဒေါ်သန်းသန်းအေး က ဂုဏ်ပြုဆုငွေကျပ်(၁ဝ)သိန်းအား ချီးမြ§င့်ဂုဏ်ပြုခဲ့သည်။
 
အခြေခံပညာကျောင်းပေါင်းစုံ ဝူရှူးပြိုင်ပွဲတွင် မြို့နယ်ပေါင်း(၁၇)မြို့နယ်ရှိ  မြို့နယ် အသင်းပေါင်း (၁၇)သင်းမှ  အားကစားသမားစုစုပေါင်း (၁၂ဝ)ဦးတို့သည်  အလွတ်တန်း (ချန်းချွမ်၊ နန်းချွမ်၊ ထိုင်ချိချွမ်၊ ကျန်းစု၊ နန်းသောင်း၊ ထိုက်ချိကျန့်၊ ကွန်စု၊ နန်းကွန့်နှင့် ချန်းစု) အမျိုးသား/အမျိုးသမီးပြိုင်ပွဲများ အသက်(၁ဝ)နှစ်အောက်နှင့်(၁ဝ)နှစ်အထက်အလွတ်တန်း ပြိုင်ပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

back to top Eng