skip to content
 
နေပြည်တော်၊ အောက်တိုဘာ (၇)ရက်။      
 
နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း Gold Camp ရှိစခန်း၀င်လေ့ကျင့်လျက်ရှိသော 30th SEA GAMES ပြိုင်ပွဲသို့သွားရောက်ယှဉ်ပြိုင်နိုင်ရန် လေ့ကျင့်လျက်ရှိသော မြန်မာ့လက်ရွေးစင်အားကစားသမားများအား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ ယနေ့ည(၇)နာရီ အချိန်တွင် အမှာစကား Gold Camp တန်းစီကွင်း၌ တွေ့ဆုံအားပေးစကားပြောကြားခဲ့ပါသည်။
 
 
 
ရှေးဦးစွာ မြန်မာအားကစားသမားများသည် နိုင်ငံတော်အလံအားအလေးပြုပြီး အားကစားသစ္စာအဓိဌာန်ရွတ်ဆိုပြီးနောက် ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ အမှာစကားပြောကြားရာတွင် ယခုကာလ သည် SEA GAMES ပြိုင်ပွဲ၀င်ရန် အားကစားသမားများအနေဖြင့် (၅၄)ရက်သာကျန်ရှိတော့ပြီး အချိန်ကာလတစ်ခုသို့ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ ယခုအချိန်သည် အားကစားသမားများ၊ နည်းပြများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန အဖွဲ့ချုပ်တို့ နားလည်မှုရှိရှိ စုပေါင်းကြိုးစားပြီး နိုင်ငံတော်အတွက် ရွှေတံဆိပ်ရယူရန် အားကစားသမားများအနေဖြင့် အပြင်းအထန်လေ့ကျင့်ပြင်ဆင်ရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြိုင်ပွဲ၀င်အားကစားသမားများ စခန်းသွင်းလေ့ကျင့်ရာတွင် ပြိုင်ပွဲ၀င်ရန်အတွက် အုပ်ချုပ်မှုကိစ္စရပ်အားလုံးကို လိုအပ်တာမှန်သမျှ အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် တက်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်မှလည်း စားစရိတ်၊ ခရီးစရိတ်(၇၀၀၀)ရရှိရေး၊ လေ့ကျင့်ရေးလစဉ် ထောက်ပံ့စရိတ်မှ ယခု(၂)သိန်း၊ (၁)သိန်းခွဲ၊ (၈)သောင်း သူ့အဆင့်လိုက်ရရှိရေး ပြိုင်ပွဲ၌  ရွှေတံဆိပ်ရရှိပါက တစ်ဦးလျှင် သိန်း(၃၀၀)၊ သိန်း(၂၀၀)၊ သိန်း(၁၀၀) စသည်တို့ ချီးမြှင့်ပေးနိုင်ရေး တင်ပြထားပြီးဖြစ်ပါကြောင်း၊ မိမိတို့အားကစားသမားများအနေနှင့် နိုင်ငံတော်အတွက် ရွှေတံဆိပ်ရရှိရေးကို တစိုက်မတ်မတ် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မိမိနိုင်ငံမှ အားကစားသမားများသည် နိုင်ငံတကာမှ အားကစားသမားများကဲ့သို့ လေ့ကျင့်ရာတွင်  ခံနိုင်ရန်ရှိရန်လိုအပ်ပါကြောင်း၊ မိမိ၏ကြိုးစားအားထုတ်မှုကို မိမိတို့မှတ်သားရမှာဖြစ်ပြီး  ဆုတံဆိပ်ရရှိရန် မည်မျှထပ်မံကြိုးစားရမည်ကို မိမိတို့ကိုယ်တိုင် သိရှိရမှာဖြစ်ပြီး လိုအပ်သောလေ့ကျင့်မှုများကို ပြင်းပြင်းထန်ထန်လေ့ကျင့်ရန် လိုအပ်ပါကြောင်း၊ ယခုအချိန်မှ အားကစားသမားများအနေနှင့် ယုံကြည်မှုအကောင်းဆုံးရရှိရန် ကြိုးစားတည်ဆောက်ရန်လိုအပ်ပါကြောင်း၊ မိမိတို့ကဲ့သို့ အခြားနိုင်ငံမှ အားကစားသမားများလည်း မိမိတို့ထက်မလျော့သောကြိုးစားအားထုတ်မှုဖြင့် ကြိုးစားနေသည်ကို သတိပြုရန်လိုအပ်ပါကြောင်း၊ မိမိတို့လေ့ကျင့်ပြင်ဆင်နေမှု၊ ကြိုးစားအားထုတ်နေမှုတွင် လိုအပ်သော အုပ်ချုပ်ထောက်ပံ့မှုအခက်အခဲများအား အချိန်နှင့်တစ်ပြေးညီ တင်ပြတောင်းခံပြီး လိုအပ်တာမှန်သမျှ၊ အတက်နိုင်ဆုံး အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် ဖြည့်ဆည်းပေးသွားမည်ဖြစ်ပါကြောင်း၊ အားကစားသမားများ၏တာ၀န်မှာ နိုင်ငံတော်ရွှေတံဆိပ်ရယူပေးရန်လိုအပ်ပါကြောင်း၊ နည်းပြများ၏ အုပ်ချုပ်လေ့ကျင့်ပေးမှုကို အကောင်းဆုံးကြိုးစားသွားကြရန် တိုက်တွန်းပြောကြားပါသည်။
 

back to top Eng