skip to content
နေပြည်တော်၊ အောက်တိုဘာ (၁၀)ရက်။  
 
၂၀၁၉ခုနှစ်၊ ၀န်ကြီးဌာနပေါင်းစုံ ဘောလုံး(အမျိုးသား)ပြိုင်ပွဲ တတိယနေ့ပွဲစဉ်များကို ယနေ့ညနေ(၃)နာရီခွဲအချိန်တွင် နေပြည်တော်၊ ၀ဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း(၁/၃)တို့၌ ယှဉ်ပြိုင်ကစားကြရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာ၀န်ရှိသူများ ကြည့်ရှုအားပေးခဲ့ကြပါသည်။
 
 
 
ယနေ့ ပွဲစဉ်များအဖြစ် ညနေ(၃)နာရီခွဲအချိန်တွင် ၀ဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း(၁)တွင် ပညာရေး၀န်ကြီးဌာနအသင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာနအသင်းမှ (၂)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း၊ ၀ဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း(၃)တွင် ပြည်ထဲရေး၀န်ကြီးဌာနအသင်းနှင့် ပြန်ကြားရေး၀န်ကြီးဌာနအသင်းတို့ယှဉ်ပြိုင်ကစားကြရာ ပြည်ထဲရေး၀န်ကြီးဌာနအသင်းမှ (၆)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ပါသည်။
 
(၁၁.၁၀.၂၀၁၉)ရက်နေ့ ညနေ(၃)နာရီခွဲအချိန်တွင် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနအသင်းနှင့် လူမှု၀န်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာနအသင်းတို့သည် ၀ဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း(၁)တွင်လည်းကောင်း၊ ကာကွယ်ရေး၀န်ကြီးဌာနအသင်းနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေး၀န်ကြီးဌာနအသင်းတို့သည် ၀ဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း(၃)တို့တွင်လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် ဘောလုံးအားကစားနည်းကို စိတ်ပါ၀င်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆိုအခမဲ့လာရောက်ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိပါသည်။
 

back to top Eng