skip to content

ပုသိမ်၊အောက်တိုဘာ (၁၇)ရက်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား၊ ၆ ခရိုင်နှင့် တက္ကသိုလ်ကိုယ်ကာယကြံခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)နှင့် Myanmar Fitness Dance ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ကိုးသိန်းအားကစားခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်က အဖွင့်အမှာစကားပြောကြားရာတွင် ဒီကနေ့ကမ္ဘာ့ကြီးဟာ နည်းပညာဖွံဖြိုးတိုးတက်လာတာနဲ့အမျှ လူတွရဲ့ နေထိုင်မှုပုံစံဟာလည်း ကွန်ပျူတာတွေ၊ ဂိမ်းတွေ၊ မိုဘိုင်ဖုန်းတွေ၊ ဗွီဒီယိုတွေ စသည့်နည်းပညာများဖြင့် အချိန်ကုန်၊ အထိုင်များခြင်းကြောင့် ကိုယ်လက်လှုပ်ရှားမှု နည်းပါးလာတာကို တွေ့မြင်ရမှာဖြစ်ကြောင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းပါးလာခြင်းရဲ့ အကျိုးဆက်အဖြစ် ရောဂါများလည်း ပိုမိုများပြားလာတာကို တွေ့ရမှာဖြစ်ကြောင်း၊ နေ့စဉ်ကိုယ်လက် လှုပ်ရှားမှုပြုလုပ်ခြင်းဟာ ဆေးတစ်ပါးဖြစ်ကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ၂၀၁၇ ခုနှစ် အောက်တိုဘာလမှစ၍ Health Myanmar Seminar ခေါင်းစဉ်နဲ့ National Sports Seminar ကိုကျင်းပပြုလုပ်ပြီး ထွက်ပေါ်လာတဲ့ Outcome တွေကို စတင်အကောင်အထည်ဖော်နေပြီ ဖြစ်ကြောင်း၊ ဒီအားကစားနည်းဟာ တကယ်လက်တွေ့မှာ လူတိုင်းအတွက် အကျိုးရလဒ်များ ခံစားရတာဖြစ်တဲ့အတွက် ပြိုင်ပွဲဝင်များကလည်း နေ့စဉ် လှုပ်ရှားဆောင်ရွက်ကြရန်တိုက်တွန်း ပြောကြားသည်။

အဆိုပါပြိုင်ပွဲကိုအသင်း ၇ သင်းပါဝင်ယှဉ်ပြိုင်ကြပြီး ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို အောက်တိုဘာ ၁၈ ရက်နေ့တွင် ကျင်းပမည် ဖြစ်ကြောင်းသိရသည်။

ဖွင့်ပွဲသို့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဒိုင်အဖွဲ့ဝင်များ၊ အုပ်ချုပ်နှင့်နည်းပြများ၊ ပြိုင်ပွဲဝင် အားကစားသမားများ၊ အခြားဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။


back to top Eng