skip to content
ရန်ကုန်၊ အောက်တိုဘာ (၂၂)
 
၂၀၁၉ ခုနှစ် Belt & Road Initiative-colorful Yunnan Kunming International Tennis Tournament ပြိုင်ပွဲကို အောက်တိုဘာလ (၁၄)ရက်မှ (၁၉)ရက်နေ့အထိ ကူမင်းမြို့၌ကျင်းပခဲ့ရာ မြန်မာတင်းနစ် အသင်းသည် အုပ်ချုပ်သူ/နည်းပြ ဦးကျော်ဇော် ဦးဆောင်ကာ နည်းပြဦးလေးနိုင်နှင့် Senior တန်းတွင် အမျိုးသား (၂)ဦး၊ အမျိုးသမီး(၂)ဦးနှင့် Junior တန်းတွင် အမျိုးသား(၂)ဦး၊ အမျိုးသမီး(၂)ဦး၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ Junior တန်းနှင့် Senior တန်းများ၌ အတန်းတစ်တန်းတွင် (၁၀)သင်းအုပ်စုနှစ်စုခွဲကာ ယှဉ်ပြိုင်စေခဲ့ပြီး၊ အတန်း(၂)တန်းလုံးတွင် မြန်မာတင်းနစ်အသင်းများက ကွာတားအဆင့်သို့တက်ရောက်နိုင်ခဲ့ပြီး Senior တန်းပြိုင်ပွဲတွင် ကွာတားအဆင့်သို့တက်ရောက်နိုင်ပါက ဆုကြေးငွေ ယွမ် (၅၀၀၀၀) ချီးမြှင့်တာဖြစ်ပြီး၊ Junior တန်းပြိုင်ပွဲတွင် အားကစားအထောက်အကူပြုပစ္စည်းများသာချီးမြှင့်ပေးကြောင်းသိရှိရသည်။
 
မြန်မာတင်းနစ်အသင်းသည် အောင်မြင်မှုနှင့်ကင်းကွာနေသည်မှာကြာမြင့်ခဲ့ပြီး ယခုလိုအောင်မြင်မှုမရရှိခြင်းမှာလည်း မျိုးဆက်ပျက်နေတာကြောင့် ယခုလက်ရှိ မိမိတို့အဖွဲ့ချုပ်စတင်အကောင်အထည်ဖော်ပြီး နှစ်ရှည်စခန်းသွင်းကာ ယခုပြိုင်ပွဲသို့ ပထမဦးဆုံး၀င်ရောက်ယှဉ်ပြိုင်ကာ  ကွာတားဖိုင်နယ်အဆင့်သို့ ပထမဦးဆုံးတက်ရောက်နိုင်ခဲ့သည့်အတွက် မြန်မာတင်းနစ်အားကစားအတွက်ဂုဏ်ယူမိပါကြောင်း၊ ဆက်လက်ပြီးတော့လည်း အဖွဲ့ချုပ်အနေဖြင့် နိုင်ငံတကာနှင့်ချိတ်ဆက်ပြီး မျိုးဆက်သစ်ရရှိရေး၊ ကျောင်းသားလူငယ်များအတွင်း တင်းနစ်အားကစားနည်း ပိုမိုစိတ်၀င်စားလာစေရေးတို့အတွက် ရေတို/ရေရှည် စီမံချက်များချမှတ်ပြီး ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်းဖြင့် အဖွဲ့ချုပ် ဥက္ကဌ ဦးသန်းလွင်မှ အဖွင့်အမှာစကားပြောကြားပြီး ဆုရရှိခဲ့သည့် Senior တန်းမှ အုပ်ချုပ်သူ(၁)ဦး နည်းပြ(၁)ဦး၊ ကစားသမားများဖြစ်ကြသည့်  သန္တာအောင်၊ မြူပိုင်မင်း၊ ကောင်းခန့်ဇော်နှင့် အက်စ်ကြင်ညိုင်သိန်းတို့အား ရရှိလာသည့် ဆုကြေးငွေယွမ် (၅၀၀၀၀)နှင့်ညီမျှသည့် မြန်မာငွေကျပ်တစ်ဦးလျှင် (၁၇၂၃၁၀၀) အချိုးကျစီအား အဖွဲ့ချုပ်နာယကနှင့် ဥက္ကဌတို့မှချီးမြှင့်ပေးခဲ့ကြောင်း သတင်းရရှိသည်။
 

back to top Eng