နေပြည်တော်၊နို၀င်ဘာ(၃)ရက်။
၂၀၁၉ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် U-19(အမျိုးသမီး)ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ကစားကြရာ ယနေ့ပွဲစဉ်များအဖြစ် ညနေ(၃)နာရီအချိန်တွင် ၀ဏ္ဏ သိဒ္ဓိအားကစားကွင်း(၁)၌ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် ရခိုင်ပြည်နယ််အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပဲခူးတိုင်းဒေသကြီးအသင်းမှ (၂)ဂိုးဂိုးမရှိဖြင့််လည်းကောင်း၊ ၀ဏ္ဏသိဒ္ဓိအားကစားကွင်း(၃)၌ ကချင်ပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ယှဉ်ပြိုင်ကစားကြရာ မန္တလေးတိုင်းဒေသကြီးအသင်းမှ (၁၀)ဂိုး ဂိုးမရှိဖြင့််လည်းကောင်း အသီးသီးအနိုင်ရရှိသွားပါသည်။
အဆိုပါ ပြိုင်ပွဲသို့ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး နှင့် တာ၀န်ရှိသူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြပါသည်။(၄.၁၁.၂၀၁၉)ရက်နေ့တွင် အုပ်စုပွဲစဉ်များအဖြစ် နံနက်(၇)နာရီခွဲအချိန်တွင် ၀ဏ္ဏသိဒ္ဓိအားကစားကွင်း(၁)၌ ကရင်ပြည်နယ်အသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့သည် လည်းကောင်း၊ ၀ဏ္ဏသိဒ္ဓိအားကစားကွင်း(၃)၌ ကယားပြည်နယ်အသင်းနှင့် မွန်ပြည်နယ်အသင်းတို့သည်လည်းကောင်း၊ ညနေ(၃)နာရီအချိန်တွင် ၀ဏ္ဏသိဒ္ဓိအားကစားကွင်း(၁)၌ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ရှမ်းပြည်နယ််အသင်းတို့သည်လည်းကောင်း၊ ၀ဏ္ဏသိဒ္ဓိအားကစားကွင်း(၃)၌ ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းနှင့် တနင်္သာရီတိုင်း ဒေသကြီးအသင်းတို့ အသီးသီးယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် ဘောလုံးအားကစားနည်းကို စိတ်ပါ၀င်စားသော မိဘပြည်သူများအနေဖြင့် အခမဲ့လာရောက် ကြည့်ရှု နိုင်ပါကြောင်း သတင်းရရှိပါသည်။