skip to content

နေပြည်တော်၊နို၀င်ဘာ(၄)ရက်။   

၂၀၁၉ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် U-19(အမျိုးသမီး)ဘောလုံး ပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ကစားကြရာ ယနေ့ပွဲစဉ်များအဖြစ် နံနက်(၇)နာရီခွဲအချိန်တွင် ၀ဏ္ဏသိဒ္ဓိအားကစားကွင်း(၁)၌ ကရင်ပြည်နယ်အသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကရင်ပြည်နယ်အသင်းမှ (၈)ဂိုးဂိုးမရှိဖြင့်လည်းကောင်း၊ ၀ဏ္ဏသိဒ္ဓိအားကစားကွင်း(၃)၌ မွန်ပြည်နယ်အသင်းနှင့် ကယားပြည်နယ်အသင်းတို့ယှဉ်ပြိုင်ကစားကြရာ မွန်ပြည်နယ်အသင်းမှ (၂)ဂိုး(၁)ဂိုးဖြင့်လည်းကောင်း၊ ညနေ(၃)နာရီ အချိန်တွင် ၀ဏ္ဏသိဒ္ဓိအားကစားကွင်း(၁)၌ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ရှမ်းပြည်နယ််အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ (၃)ဂိုး (၂)ဂိုးဖြင့်် လည်းကောင်း၊ ၀ဏ္ဏသိဒ္ဓိအားကစားကွင်း(၃)၌ တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းတို့ယှဉ်ပြိုင်ကစားကြရာ တနင်္သာရီတိုင်းဒေသကြီး အသင်းမှ (၁)ဂိုး ဂိုးမရှိဖြင့်် လည်းကောင်း အသီးသီးအနိုင်ရရှိသွားပါသည်။

(၅.၁၁.၂၀၁၉)ရက်နေ့တွင် အုပ်စုပွဲစဉ်များအဖြစ်  ညနေ(၃) နာရီအချိန်တွင် ၀ဏ္ဏသိဒ္ဓိအားကစားကွင်း(၁)၌ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့ သည်လည်းကောင်း၊ ၀ဏ္ဏသိဒ္ဓိအားကစားကွင်း(၃)၌ ကချင်ပြည်နယ်အသင်းနှင့် ဧရာ၀တီတိုင်းဒေသကြီးအသင်းတို့ အသီးသီးယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့်  ဘောလုံး အားကစားနည်းကို စိတ်ပါ၀င်စားသော မိဘပြည်သူများ အနေဖြင့် အခမဲ့လာရောက် ကြည့်ရှု့နိုင်ပါကြောင်း သတင်းရရှိပါသည်။
 


back to top Eng