skip to content

ရန်ကုန်၊နို၀င်ဘာလ(၉)ရက်။            

(၃၀)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့၀င်များ အောင်မြင်မှု ရရှိစေရန်  ရည်ရွယ်၍ မြန်မာ-တရုတ်နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု G to G အစီအစဉ်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့နှင့်ချန်ဆားမြို့တို့တွင် သွားရောက် လေ့ကျင့်လျှက်ရှိသော ဘော်လီဘော၊ ရကေူး၊ ပြေးခုန်ပစ်၊ ဘတ်စကက်ဘော၊ တင်းနစ်၊ စားပွဲတင်တင်းနစ်၊ ဝူရှူး၊ လက်ဝှေ့၊ အလေးမ၊ Fencing ၊ ကြက်တောင်စသည့် အားကစားနည်းများမှ အားကစားအဖွဲ့၀င် (၁၄၃)ဦးတို့၏ လေ့ကျင့်နေမှု အခြေအနေများအား ကြည့်ရှု စစ်ဆေးရန် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင် (အဖွဲ့ခေါင်းဆောင်)နှင့် အတူ အဖွဲ့၀င်များ ဖြစ်ကြသော အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်နှင့် ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးတို့သည် နို၀င်ဘာလ(၉)ရက်နေ့မှ(၁၃)ရက်နေ့ အထိသွားရောက် ကြည့်ရှုစစ်ဆေးမည်ဖြစ်၍ ယနေ့နံနက် (၁၀)နာရီ (၅၅)မိနစ်အချိန်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားရာ ရန်ကုန်တိုင်းဒသေကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးက ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။


back to top Eng