skip to content

နေပြည်တော်၊နို၀င်ဘာ (၂၁)ရက်။      

ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂၀၁၉ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ခရစ်ကက်ပြိုင်ပွဲများကို ယနေ့နံနက်(၈)နာရီအချိန်တွင် ၀ဏ္ဏသိဒ္ဓိအားကစား လေ့ကျင့်ရေးကွင်း (၁/၂/၃)တို့၌ စတင်ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော် ဆန်းနှင့်တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်မှ တာ၀န်ရှိသူများ တက်ရောက်ကြည့်ရှု့ အားပေးခဲ့ကြသည်။
ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် မကွေးတိုင်းဒေသကြီးအသင်းနှင့် ချင်းပြည်နယ်အသင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်း၊ မန္တလေးတိုင်း ဒေသကြီးအသင်းနှင့် ရခိုင်ပြည်နယ်အသင်း၊ ရှမ်းပြည်နယ်အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်း၊ ကယားပြည်နယ်အသင်းနှင့် မွန်ပြည်နယ်အသင်း၊ ဧရာ၀တီတိုင်းဒေသကြီး အသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင် ကစားကြမည်ဖြစ်သည်။

၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ခရစ်ကက်ပြိုင်ပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်ပြိုင်ပွဲ၀င် အသင်း(၁၄)သင်း၊အမျိုးသားပြိုင်ပွဲ၀င်အသင်း(၁၄)သင်း၊ အမျိုးသမီးပြိုင်ပွဲ၀င် အသင်း(၁၁)သင်း၊ ပြိုင်ပွဲ၀င် အားကစားသမားအမျိုးသား(၁၉၀)ဦး၊ အမျိုးသမီး(၁၅၂)ဦး၊ စုစုပေါင်း(၃၄၂)ဦးတို့သည် (၂၁.၁၁.၂၀၁၉) ရက်နေ့မှ (၂၆.၁၁.၂၀၁၉)ရက်နေ့အထိ နေ့စဉ်နံနက်(၇)နာရီ အချိန်မှစတင်၍ ၀ဏ္ဏသိဒ္ဓိအားကစား လေ့ကျင့်ရေးကွင်း (၁/၂/၃)တို့၌ အသီးသီး ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် ခရစ်ကက်အားကစားနည်းကို စိတ်ပါ၀င်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆိုအခမဲ့လာရောက် ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။
        

 


back to top Eng