skip to content

 

ရန်ကုန်၊ ဒီဇင်ဘာလ(၆)ရက်။        

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပပြုလုပ်သော အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေ(၁)ငွေ၊ ငွေ(၄)ခု၊ ကြေး(၁၅)ခု ရရှိခဲ့သောအောင်ပွဲရ  မြန်မာ Arnis အားကစားအဖွဲ့နှင့် မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်မှ ငွေ(၁)ခုရရှိခဲ့သော အားကစားသမားများသည် ယမန်နေ့ည (၇)နာရီခွဲအချိန်က အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းနှင့်အတူ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိရာ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူးဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးအောင်မိုး၊ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်မှ ဥက္ကဋ္ဌဦးရဲမြင့်နှင့် အမှုဆောင်များ၊ မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်မှ အမှုဆောင်များ၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)မှ သင်တန်းသား/သင်တန်းသူများ၊ မိဘဆွေမျိုးများက သောင်းသောင်းဖျဖျကြိုဆိုခဲ့ကြကြောင်း သိရှိရသည်။

 


back to top Eng