skip to content

 

၆ ဒီဇင်ဘာ

အကြိမ် (၃၀) မြောက် ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲ၏ ဘော်လီဘောအုပ်စုနောက်ဆုံးနေ့ပွဲစဉ်များကို ယနေ့မွန်းလွဲပိုင်းမှစ၍ မနီလာမြို့၌ ဆက်လက်ကျင်းပရာ မြန်မာဘော်လီဘောအသင်း အုပ်စုဒုတိယနေရာရခဲ့ပြီး ဆီမီးဖိုင်နယ်တွင် အင်ဒိုနီးရှားအသင်းနှင့် ကစားရမည်ဖြစ်သည်။

အုပ်စုနောက်ဆုံးနေ့တွင် ထိုင်းအသင်းက မြန်မာအသင်းကို သုံးပွဲပြတ်၊ အင်ဒိုနီးရှားအသင်းက အိမ်ရှင်ဖိလစ်ပိုင်အသင်းကို သုံးပွဲပြတ်ဖြင့် အနိုင်ရခဲ့သည်။ ယင်းလေးသင်းစလုံးသည် နောက်ဆုံးပွဲမတိုင်မီကတည်းက ဆီမီးဖိုင်နယ်သို့ တက်ရောက်ထားခြင်းဖြစ်ပြီး အုပ်စုပထမ နေရာအတွက်သာ ကစားခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် နောက်ဆုံးပွဲတွင် ကြိုးစားကစားခဲ့သော်လည်း နာမည်ကြီးထိုင်းအသင်းကို ယှဉ်ကစားနိုင်ခြင်းမရှိဘဲ ၁၄-၂၅ မှတ်၊ ၂၀-၂၅ မှတ်၊ ၁၄-၂၅ မှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။


back to top Eng