skip to content
ရန်ကုန်၊ သြဂုတ်လ( ၂၇ )ရက်။
(၅၁)ကြိမ်မြောက် အာရှကာယဗလနှင့်ကာယကြံ့ခိုင် မှုပြိုင်ပွဲကို တောင်ကိုရီးယားနိုင်ငံ ဆိုးမြို့၌ သြဂုတ်လ(၂ဝ)ရက်နေ့မှ (၂၆)ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့ရာ အဆိုပါပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင် ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားသမား  မောင်ဗလနှင့် မယ်အလှ တို့က ရွှေတံဆိပ်(၃)ဆု၊ ငွေတံဆိပ်(၁)ဆု နှင့် ကြေးတံဆိပ်(၂)ဆု တို့ကို ဆွတ်ခူးရရှိကာ နိုင်ငံ့ဂုဏ်ဆောင် ခဲ့ပြီး အဖွဲ့ခေါင်းဆောင် မြန်မာနို်င်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအဖွဲ့ချုပ် ဥက္ကဌ  ဦးညီညီ ၊ ဒုတိယဥက္ကဌ  ဦးကျော်သန်း၊ အမျိုးသားနည်းပြအဖြစ်  ဦးအောင်နိုင်၊ အမျိုးသမီးနည်းပြ ဦးမြင့်သိန်း၊  ဒိုင် ဒေါ်ရီရီဝင်း နှင့် အောင်ပွဲရ  အားကစားသမားများသည်  ယမန်နေ့ည(၇)နာရီ က လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိလာရာ  မြန်မာနိုင်ငံ ကာယဗလနှင့်ကာယကြံ့ခိုင်မှု အဖွဲ့ချုပ် အမှုဆောင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာန  မှ တာဝန်ရှိသူများ၊ ဆွေးမျိုး မိတ်ဆွေများက ကြိုဆိုနှုတ်ဆက်ကြသည်။
 
ယင်းပြိုင်ပွဲတွင် (၇ဝ)ကီလိုတန်းပြိုင်ပွဲ၌ မြန်မာ့ကာယဗလကစားသမား ရဲထွန်းနောင် က ပထမ ရွှေတံဆိပ်ဆုရရှိပြီး မလေးရှား က ဒုတိယငွေတံဆိပ်၊ တတိယ  အင်ဒိုနီးရှား က ကြေးတံဆိပ်ဆုဖြင့် လည်းကောင်း၊  (၆၅)ကီလိုတန်းပြိုင်ပွဲ၌  ထွန်းမင်း(မြန်မာ) က  ရွှေတံဆိပ်(၁)ဆု၊ Master ပြိုင်ပွဲတွင် ထွန်းထွန်းအောင် က ရွှေတံဆိပ်(၁)ဆုနှင့် (၆ဝ)ကီလိုတန်း ပြိုင်ပွဲ၌ကြေးတံဆိပ်(၁)ဆု၊ အမျိုးသမီး ကာယကြံ့ခိုင်မှု Atheteic  Physique  ပြိုင်ပွဲတွင် မြန်မာ မှ  နှင်းနှင်းအေး က ကြေးတံဆိပ်(၁)ဆု၊ Model Physique  (၁၆ဝ)စင်တီမီတာ အောက်ပြိုင်ပွဲ၌ မြန်မာ မှ နန်းလောက်ခမ်း က တတိယ ကြေးတံဆိပ်(၁)ဆု တို့ အသီးသီး ရရှိခဲ့ကြပြီး နိုင်ငံ့ဂုဏ်ဆောင်နို်င်ခဲ့ကြောင်း သတင်းရရှိသည်။
 

back to top Eng