skip to content

မနီလာ ဒီဇင်ဘာ ၁၀

အကြိမ် (၃၀) မြောက် ဆီးဂိမ်းအမျိုးသားဘော်လီဘောပြိုင်ပွဲ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲ ကို ယနေ့ညနေပိုင်းက Philsports Arena ၌ ကျင်းပရာ မြန်မာအသင်း တတိယနေရာလုပွဲ၌ အရေးနိမ့်ခဲ့ပြီး ဆုတံဆိပ်နှင့် လွဲချော်ခဲ့သည်။

မြန်မာအသင်းသည် တတိယနေရာလုပွဲတွင် နာမည်ကြီးထိုင်းအသင်းနှင့်တွေ့ဆုံခဲ့ပြီး ရှုံးပွဲကြုံတွေ့ခဲ့သည်။ ထိုင်းအသင်းသည် ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့သော်လည်း တတိယနေရာ ရအောင် ကစားခဲ့ပြီး မြန်မာအသင်းမှာမူ ဆုတံဆိပ်နှင့် လွဲချော်ခဲ့သည်။ မြန်မာအသင်းသည် ၂၃-၂၅ မှတ်၊ ၁၆-၂၅ မှတ်၊ ၂၀-၂၅ မှတ်ဖြင့် သုံးပွဲပြတ်ရှုံးနိမ့်ခဲ့သည်။

မြန်မာအသင်းသည် အဓိကကစားသမား အောင်သူ ဒဏ်ရာရပြီးနောက်ပိုင်း အကောင်းဆုံး ပုံစံရရန် ရုန်းကန်ခဲ့ရသည်။ မြန်မာအသင်းသည် ပထမပွဲငယ်တွင်သာ အပြန်အလှန်လိုက်ကစား နိုင်သော်လည်း နောက်ပွဲငယ်များတွင် ထိုင်းအသင်းက အသာစီးမှကစားခဲ့သည်။ ဗိုလ်လုပွဲတွင် အင်ဒိုနီးရှားအသင်းက အိမ်ရှင်ဖိလစ်ပိုင်အသင်းကို သုံးပွဲပြတ်အနိုင်ရရှိခဲ့သည်။

 

ရှိုင်းထက်ဇော်

 


back to top Eng