ဆင်ဖြူကျွန်း
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့တွင် ဒီဇင်ဘာလလူထုအားကစားလှုပ်ရှားမှု အဖြစ် ဒုတိယအကြိမ်စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီအချိန်က ကျင်းပသည်။
အဆိုပါ စုပေါင်းလူထု လမ်းလျှောက်ပွဲတွင် ဆင်ဖြူကျွန်းမြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် မြို့ခံပြည်သူလူထုများ စုစုပေါင်းအင်အား ၁၀ဝ၀ ကျော်စုပေါင်းပြီး အမှတ်(၁)ရပ်ကွက် ပြည်စိုးကုန်း အ.ထ.က ကျောင်းမှစတင်ထွက်ခွာ၍ လမ်းမတော်လမ်းမကြီးအတိုင်း မြို့မအားကစားကွင်းအထိ စုပေါင်းလမ်းလျှောက်ခဲ့ကြကာ စလင်းမြို့နယ် အားကစားနှင့် ကာယပညာဉီးစီးဌာနမှူး ဒေါ်တင်သူဇာအောင်မှ ဉီးဆောင်၍ ကိုယ်ကာယလေ့ကျင့်ခန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုးမိုးသူ(စလင်း)