ကသာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ဒီဇင်ဘာအားကစားလလူထု စုပေါင်းလမ်းလျှောက်ပွဲ ဒုတိယပတ်ကို ယနေ့ နံနက် ၅ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါလမ်းလျှောက်ပွဲကို မီတာ ၄၀ဝ အားကစားကွင်း ရှေ့မှစတင်ထွက်ခွာပြီး လမ်းမတော်လမ်းမကြီး အတိုင်း စုပေါင်းလမ်းလျှောက်ကြပြီး လေးထပ်ဘုန်းတော်ကြီး ကျောင်းနေရာမှ ကွေ့ကာ ကမ်းနားလမ်းအတိုင်း လျှောက်ပြီး မီတာ ၄၀ဝ အားကစားကွင်းသို့ မြို့တစ်ပတ်လျှောက်ခဲ့ပြီး မီတာ ၄၀ဝ အားကစားကွင်းကြီးအတွင်း၌ စုပေါင်းလှုပ်ရှား လေ့ကျင့်ခန်းများပြုလုပ်ခဲ့ရာ အင်အား (၁၈၀ဝ) ကျော် ပါဝင်၍ စုပေါင်းလမ်းလျှောက်ခဲ့ကြောင်း သိရသည်။
အလားတူ အင်းတော်မြို့၌လည်း ဒီဇင်ဘာအားကစားလ၏ ဒုတိယပတ် လူထုစုပေါင်း လမ်းလျှောက်ကြပြီး အင်အား(၃၅၀)ကျော် ပါဝင်စုပေါင်းလမ်းလျှောက်ခဲ့ကြကြောင်း သိရသည်။
လူအောင်(ကသာ)