skip to content
နေပြည်တော်၊ ဒီဇင်ဘာ(၁၆) ရက်။  
 
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် မြန်မာ့အားကစားအဆင့်အတန်းတိုးတက်မြှင့်မားလာစေရေးအတွက် ရည်ရွယ်၍ဖွင့်လှစ်သော အားကစားနည်းပြမွမ်းမံသင်တန်း အမှတ်စဉ်(၂/၂၀၁၉) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၈)နာရီအချိန်တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း၊ Multipurpose Hall ၌ ကျင်းပ ပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်း၊ ညွှန်ကြားရေးမှူးများနှင့်တာ၀န်ရှိသူများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။
 
 
အစီအစဉ်အရ အားကစားနည်းပြမွမ်းမံသင်တန်း အမှတ်စဉ်(၂/၂၀၁၉) သင်တန်းသား/သင်တန်း သူများမှ တစ်ဦးချင်းမိတ်ဆက်ဂါရ၀ပြုကြပါသည်။
 
 
ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းမှ သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် အားကစားနည်းပြမွမ်းမံ သင်တန်းအမှတ်စဉ် (၂/၂၀၁၉) သင်တန်း ဖွင့်လှစ်ရခြင်းမှာ အားကစားနည်းပြကောင်းများ ပေါ်ထွက်လာစေရေးတို့အတွက် ရေရှည်စီမံကိန်းများဖြင့် အဘက်ဘက်မှ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နည်းပြများ၏အားကစားအရည်အချင်း အဆင့်အတန်းတိုး တက်မြင့်မားလာစေရေး၊ မျိုးဆက်သစ်နည်းပြကောင်းများ ပေါ်ထွက်လာစေရေးအတွက် ရည်ရွယ်ပါကြောင်း၊ အားကစားနည်းပြသင်တန်း(၁)လ၊ (၄)လ၊ (၁)နှစ် သင်တန်းများအား ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပါ ကြောင်း၊ သင်တန်းများတွင် ထူးချွန်ထက်မြက်သော နည်းပြကောင်းများကိုလည်း နိုင်ငံခြားသို့ ပညာတော် သင်စေလွှတ်ပြီး ပညာသင်ကြားခွင့်ရရှိနိုင်ရန် အခွင့်အလမ်းကောင်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပါ ကြောင်း၊ အချိန်နှင့်တစ်ပြေးညီ တိုးတက်ပြောင်းလဲနေသော ဥပဒေနည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်ညွှန်ကြားချက်များကို အချိန်တိုအတွင်း လေ့လာနိုင်မည်ဖြစ်ပါကြောင်း၊ နည်းပြများကိုယ်တိုင် ကျွမ်းကျင်ပိုင် နိုင်တတ်ကျွမ်းမှသာ မျိုးဆက်သစ်အားကစားသမားများကို အကောင်းဆုံးလေ့ကျင့် ပြုစုပျိုးထောင်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ သင်တန်းသို့ တက်ရောက်လာကြသော သင်တန်းသား/သင်တန်းသူများအနေဖြင့် သင်တန်းမှ သင်ကြားပို့ချပေးလိုက်သော သင်ခန်းစာများကို ကျွမ်းကျွမ်းကျင်ကျင်ဖြစ်အောင် အထူးကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့သည်။
 
ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်း၊ ညွှန်ကြားရေးမှူးများနှင့်တာ၀န်ရှိသူများ၊ သင်တန်းသား/သင်တန်းသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ အားကစားနည်းပြမွမ်းမံသင်တန်း အမှတ်စဉ်(၂/၂၀၁၉) သင်တန်းဖွင့်ပွဲကို ရုတ်သိမ်းခဲ့ပါသည်။
 
အဆိုပါ အားကစားနည်းပြမွမ်းမံသင်တန်း အမှတ်စဉ်(၂/၂၀၁၉) သင်တန်းကို (၁၆.၁၂.၂၀၁၉) ရက်နေ့မှ(၁၅.၁.၂၀၂၀) ထိ သင်တန်းသား/သင်တန်းသူ စုစုပေါင်း(၃၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်း ရရှိသည်။
 

back to top Eng