skip to content

 

ရန်ကုန်   ၁၇    ဒီဇင်ဘာ 

ကမ္ဘောဒီးယားနိုင်ငံတွင် ဒီဇင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ ကျင်းပမည့် (၆)ကြိမ်မြောက်၊ ကမ္ဘာ့ဗိုဗီနမ် ချန်ပီယံပြိုင်ပွဲ(6th world Vovinam Championship) သို့ မြန်မာ့လက်ရွေးစင် ဗိုဗီနမ်အသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါပြိုင်ပွဲသို့ အဖွဲ့ခေါင်းဆောင် မြန်မာနိုင်ငံဗိုဗီနမ်အဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဒေါ် ခင်လေးမွန်၊ ဒိုင်၊ နည်းပြများနှင့် လက်ရွေးစင်ကစားသမား အမျိုးသားသုံးဦး၊ အမျိုးသမီးသုံးဦးတို့ သည်  ယမန်နေ့နံနက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွား‌‌ရာမြန်မာနိုင်ငံသိုင်း အဖွဲ့ ချုပ်၊ အတွင်းရေးမှူး(၁) ဦးအောင်နိုင်ဦး၊ အတွင်းရေးမှူး(၃-ဗိုဗီနမ်) ဦးကျော်ဝင်းနိုင်နှင့် တာဝန်ရှိသူများ၊ ကစားသမား မိဘများကလိုက်လံပို့ဆောင်နှုတ်ဆက်ကြသည်။ 

ယင်းပြိုင်ပွဲတွင် နိုင်ငံအသီးသီးမှ ပြိုင်ပွဲဝင်အသင်း ၂၄ သင်း ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်‌ကြောင်းသိရသည်။ 

အာကာစိုး


back to top Eng