ရန်ကုန် ၁၇ ဒီဇင်ဘာ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်နှင့် နောင်ရိုးနည်းပညာများ ကုမ္ပဏီမှ ကြီးမှူးကျင်းပသော ၂၀၁၉ခုနှစ် ဒုတိယအကြိမ်မြောက် နောင်ရိုးဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အောင်ဆန်းအားကစားပြိုင်ဝင်းရှိ မိုးလုံလေလုံအားကစားရုံ၌ ကျင်းပသည်။
ရှေးဦးစွာ နောင်ရိုးနည်းပညာများကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးရဲဝင့်ထွဋ်က ပြိုင်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်းက အဖွင့်အမှာစကားပြောကြားကာ ပြိုင်ပွဲအားဖွင့်လှစ်ပေးသည်။
ရှေးဦးစွာ နောင်ရိုးနည်းပညာများကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးရဲဝင့်ထွဋ်တင်က ပြိုင်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးတင်မောင်ထွန်းကအဖွင့်အမှာစကားပြောကြားကာပြိုင်ပွဲအားဖွင့်လှစ်ပေးသည်။
ဆက်လက်၍တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးအောင်မိုး၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ် မှ ဒုတိယဥက္ကဌများက ပြိုင်ပွဲများအားကြည့်ရှုအားပေးသည်။
ယင်းပြိုင်ပွဲတွင် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းနှင့် ကလပ်အသင်းများမှ ပထမဦး ဆုံးပြုလုပ်သော အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် ၂၅ သင်း၊ အကြီးတန်း သုံးယောက်တွဲ ပြိုင်ပွဲတွင် အသင်း ၂၀၊ အသက်၂၀နှစ်အောက် ပြိုင်ပွဲဝင် ၁၁သင်း၊ စုစုပေါင်း ၅၆သင်း နှင့် အားကစားသမား၁၇၅ဦး တို့ ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲကိုဒီဇင်ဘာ၂၁ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။
အေကေလင်း