skip to content

 

မန္တလေး ဒီဇင်ဘာ ၁၇

(၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မန္တလေးမြို့တော်ဝန် မီနီမာရသွန်ပြိုင်ပွဲ(၂၀၂၀)ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၄ ရက် နံနက် ၆ နာရီ ခွဲတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး အလွတ်တန်း(ကျား၊မ)၊ လူသစ်တန်း(ကျား၊မ) ပြိုင်ပွဲများ ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

 

အဆိုပါ ပြိုင်ပွဲကို ၂၆လမ်းနှင့်၇၁လမ်းထောင့်ရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံးရှေ့မှ နံနက် ၆ နာရီ ခွဲတွင် စတင်တာလွှတ်မည်ဖြစ်ကာ ၂၆လမ်းမှ လမ်း(၈၀)အထိ၊ ၎င်းမှ လမ်း(၈၀)အတိုင်း ၁၂လမ်းအထိ၊၎င်းမှ ၁၂လမ်းအတိုင်း၇၃လမ်းအထိ၊၇၃လမ်းမှ မြောက်ဘက်မန္တလေးတောင်ပတ်လမ်း၊ ၁၀လမ်းမှအရှေ့သို့ ၆၂လမ်းအထိ၊ ၎င်းမှ ၆၂လမ်းအတိုင်း ငုရွှေဝါလမ်းအထိ၊ငုရွှေဝါလမ်း မှ ၆၈လမ်းအထိ ၊ ၆၈လမ်းအတိုင်း မန္တလာသီရိအားကစားကွင်း အထိ(၁၃)မိုင် ပြေးလမ်းသတ်မှတ်ကာ မန္တလာသီရိအရှေ့ဘက်ပေါက် မှ ပန်းဝင်စေမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေး ကော်မတီ မှ ထုတ်ပြန်ထားသည်။

 

မန္တလေးမြို့တော်ဝန် မီနီမာရသွန်ပြိုင်ပွဲ(၂၀၂၀) အလွတ်တန်း(ကျား၊မ) ပြိုင်ပွဲတွင် ပထမဆု ကျပ်သိန်း ၆၀၊ ဒုတိယဆု ကျပ်သိန်း ၄၀၊ တတိယဆု ကျပ်သိန်း ၃၀နှင့် ကျန်ဆုများကိုလည်း ထိုက်ထိုက်တန်တန် ချီးမြှင့် သွားမည်ဖြစ်ပြီး လူသစ်တန်း(ကျား၊မ) ပြိုင်ပွဲတွင်လည်း ပထမဆု ကျပ်သိန်း ၆၀၊ ဒုတိယဆု ကျပ်သိန်း ၄၀၊ တတိယဆု ကျပ်သိန်း ၃၀နှင့် ကျန်ဆုများကိုလည်း ထိုက်ထိုက်တန်တန် ချီးမြှင့်သွားမည်ဖြစ်သည်။

 

ပြိုင်ပွဲဝင်လျှောက်လွှာများကို ၁၅-၁၂-၂၀၁၉ မှ ၃၁-၁၂-၂၀၁၉ ရက်အထိ နေ့စဉ်နံနက် ၉ နာရီခွဲမှ ညနေ ၆ နာရီခွဲထိ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးများ၊ ပန်းဥယျာဉ်နှင့်ကစားကွင်းများဌာန(မနော်ရမ္မံဥယျာဉ်)၊ အားကစားနှင့်ကာယပညာဦးစီးဌာန(ဗထူးကွင်း)နှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံးရှေ့တို့တွင် ပြိုင်ပွဲဝင်လျှောက်လွှာ တစ်စောင်လျှင် ၃၀၀ ကျပ်ဖြင့် ဝယ်ယူနိုင်မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ မှ သိရသည်။

 

နိုင်ငံခြားသားများနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်လိုပါက အလွတ်တန်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရ မည်ဖြစ်ကြောင်းနှင့် ၂၀၁၀ ပြည့်နှစ်နှင့်နောက်ပိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ် မီတာ ၁၀၀၀၀ အပြေးပြိုင်ပွဲ၊ ၂၀၁၃ ခုနှစ်မှစ၍ မန္တလေးမြို့တော်ဝန် မီနီမာရသွန်ပြိုင်ပွဲ၊ ရန်ကုန်မြို့တော်ဝန် မီနီမာရသွန်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊တတိယ ဆုရရှိခဲ့သူများသည် အလွတ်တန်းပြိုင်ပွဲတွင်သာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်း ပရေး ကော်မတီမှ ကြေညာချက် ထုတ်ပြန်ထားကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)

 


back to top Eng