ရန်ကုန်
အားကစားနှင့်ကာယပညာဦးစီးဌာန၊ တောင်ဥက္ကလာပမြို့နယ်မှ ကြီးမှူး၍ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ တတိယပတ်ကို ယနေ့ နံနက် ၅ နာရီအချိန်က (၇)ရပ်ကွက် သစ္စာလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့ စုရပ်၌ ပြုလုပ်ခဲ့သည်။
အဆိုပါလမ်းလျှောက်ပွဲတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ပြည်သူများနှင့်အတူ သစ္စာလမ်း၊ သံသုမာလမ်းနှင့် သုမင်္ဂလာလမ်းမကြီးတလျှောက် စုပေါင်း လမ်းလျှောက်ခဲ့ကြောင်း သိရသည်။
နေထက်အောင်(ပြန်/ဆက်)