ဆွမ်ပရာဘွမ် ဒီဇင်ဘာ ၂၂
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၏ ဒီဇင်ဘာ (တတိယပတ်) လူထု စုပေါင်း လမ်းလျှောက်ပွဲကို ယမန်နေ့ နံနက်(၅) နာရီက ကျင်းပရာ ဒုတိယမြို့နယ်အုပ် ချုပ်ရေးမှူး ဦးချစ်စမ်းအောင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ၀န်ထမ်းများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံ ပြည်သူများ ပါ၀င်ဆင်နွှဲခဲ့ ကြသည်။
ရှေးဦးစွာ လူထုစုပေါင်း လမ်းလျှောက်ပွဲတွင် ပါ၀င်ဆင်နွှဲကြသော ဒုတိယမြို့နယ်အုပ်ချုပ် ရေးမှူး ဦးချစ်စမ်းအောင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာများနှင့် ၀န်ထမ်းများ၊ ဆရာ ဆရာမ များနှင့် ကျောင်းသား ကျောင်းသူများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဒေသခံ ပြည်သူများက ဆွမ်ပရာဘွမ်မြို့ အမြင့်ပေ (၄၆၀၀)ဆိုင်းဘုတ်ရှေ့၌ စုရပ်ပြုလုပ်ကာ မြစ်ကြီးနား-ဆွမ်ပရာဘွမ် - ပူတာအို ပြည်ထောင်စုလမ်း မကြီးအတိုင်း ဝါစပ်ခူးရပ်ကွက် သွေးချင်းတို့ပျော်ရာမြေ ဆိုင်းဘုတ် အထိ အသွားအပြန် စုပေါင်း လမ်းလျှောက်ကြပြီး မြို့မအားကစားကွင်းတွင် ကိုယ်ကာယ ကြံ့ခိုင်ရေးလေ့ကျင့် ခန်းအတွဲ(၁)(၂)နှင့် Myanmar Fitness Dance တို့ကို တပျော်တပါး စုပေါင်းဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
ဖုန်ကန် (ပူတာအို)