skip to content
 
ရန်ကုန်၊ ဇန်နဝါရီလ( ၂၁ )ရက်။
 
(၆)ကြိမ်မြောက် ရိုးမ ရန်ကုန်အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကြီးအား အပြေးအားကစားချစ်မြတ်နိုးစိတ်မှတဆင့် ပြည်တွင်း၊ ပြည်ပ အားကစားသမားများ၏ စိတ်ဝင်စားမှုရရှိနိုင်ရန်နှင့် အဖွဲ့အစည်းများကို ချိတ်ဆက်ပေးနိုင်ရန် ရည်ရွယ်၍ ၂ဝ၁၈ခုနှစ် ရိုးမရန်ကုန်အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲတွင် ယနေ့နံနက်(၅)နာရီအချိန်က ရန်ကုန်မြို့ သဃင်္န်းကျွန်းမြို့နယ် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဌဦးလင်းနိုင်မြင့်နှင့်တာဝန်ရှိ ပုဂ္ဂိုလ်များ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီးညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးအောင်မိုး၊ YSH / FMI/ SPA တို့၏ ဥက္ကဌ ဦးသိမ်းဝေ၊ Yoma strategic holdings ၏အမှုဆောင်အရာရှိချုပ် Mr. Melvyn  Pun ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူး ဒေါ်လှိုင်ဦးမော်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံတကာမှ အပြေးသမားများ တက်ရောက်ကြသည်။
 
ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ YSH / FMI/ SPAတို့၏ ဥက္ကဌ ဦးသိမ်းဝေ၊ Mr. Melvyn  Pun၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဒုတိယ ဥက္ကဌဦးလင်းနိုင်မြင့်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူး ဒေါ်လှိုင်ဦးမော် တို့က (၄၂)ကီလိုမီတာမာရသွန်အပြည့်နှင့် (၂၁)ကီလိုမီတာတစ်ဝက်မာရသွန် တို့အား တာထွက်အလံမြှောက်၍ ဖွင့်လှစ်ပေးခဲ့သည်။
 
ယင်းပြိုင်ပွဲကို (၄၂)ကီလိုမီတာမာရသွန်အပြည့်နှင့် (၂၁) ကီလိုမီတာ တစ်ဝက်မာရသွန် (၁ဝ)ကီလိုမီတာစိန်ခေါ်မာရသွန်နှင့် (၃)ကီလိုမီတာအပျော်တမ်းအပြေး/ လမ်းလျှောက်ပြိုင်ပွဲ ဟူ၍ ပြိုင်ပွဲအမျိုးအစား(၄)မျိုးခွဲခြားထားရာ တာထွက်  နှင့်ပန်းဝင်နေရာမှာ  အမျိုးသား အားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ တွင်ဖြစ်ပြီး ပြိုင်ပွဲလမ်းကြောင်းတစ်လျှောက်တွင် ရန်ကုန် မြို့၏အထင်ကရနေရာများဖြစ်သည့် ဗိုလ်တထောင်ဘုရား၊ ရွှေတိဂုံဘုရားနှင့် အင်းလျားကန် တို့ကို ဖြတ်သန်းသွားရမည်ဖြစ်သည်။ 
 
 
ပြိုင်ပွဲတွင် ဂျပန်၊စင်ကာပူ၊ထိုင်း၊ ု့ နှင့်ဟောင်ကောင်နိုင်ငံတို့မှ အပြေးသမားများ ပြည်တွင်း၊ပြည်ပအပြေးသမားပေါင်းအင်အား (၈၇၈၇)ဦးနှင့်နိုင်ငံတကာအပြေးသမားပေါင်း (၄ဝ၈)ဦး ပါဝင်ပြီး မြန်မာပြည်မှ လက်ရွေးစင်အပြေးသမား သောင်းအေးနှင့် ဌေးကိုကိုတို့ ပါဝင်ကြသည်။
 
ဆုကြေးငွေများကို (၄၂)ကီလိုမီတာမာရသွန်အပြည့်ပြိုင်ပွဲတွင် ပထမဆု အမေရိကန် ဒေါ်လာ ၂၇ဝဝ၊ ဒုတိယဆု အမေရိကန်ဒေါ်လာ၁၄ဝဝ နှင့်တတိယဆု အမေရိကန်ဒေါ်လာ ၉ဝဝ ၊ (၂၁)ကီလိုမီတာတစ်ဝက်မာရသွန် ပြိုင်ပွဲတွင် ပထမဆု အမေရိကန် ဒေါ်လာ ၁၆ဝဝ၊ ဒုတိယဆု အမေရိကန်ဒေါ်လာ၉ဝဝ နှင့်တတိယဆု အမေရိကန်ဒေါ်လာ ၅ဝဝ ၊ (၁ဝ)ကီလိုမီတာစိန်ခေါ်မာရသွန်ပြိုင်ပွဲတွင် ပထမဆု အမေရိကန် ဒေါ်လာ ၈ဝဝ၊ ဒုတိယဆု အမေရိကန်ဒေါ်လာ၄ဝဝ နှင့်တတိယဆု အမေရိကန်ဒေါ်လာ ၂၅ဝ  တို့ကို ပေးအပ်ချီးမြှင့် မှာ ဖြစ်ပြီး (၄၂)ကီလိုမီတာမာရသွန်အပြည့်နှင့် (၂၁)ကီလိုမီတာတစ်ဝက်မာရသွန် ၊(၁ဝ) ကီလိုမီတာစိန်ခေါ်မာရသွန်နှင့် (၃)ကီလိုမီတာအပျော်တမ်း အပြေး/ လမ်းလျှောက်ပြိုင်ပွဲ စသည့်ပြိုင်ပွဲ အမျိုးအစားများတွင်ပါဝင်ယှဉ်ပြိုင်သူတိုင်းမည်သည့်အမျိုးအစားကိုဖြစ်စေ အောင်မြင်စွာ ယှဉ်ပြိုင်နိုင်ပါက ဆုတံဆိပ်(၁)ခုစီနှင့် မာရသွန်အပြည့်ပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင် အောင်မြင်သူများကို တီရှပ် တစ်ထည်စီ ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရှိရသည်။
 

back to top Eng