skip to content


နေပြည်တော်၊ ဒီဇင်ဘာ (၂၉) ရက်။

၂ဝ၂ဝပြည့်နှစ်၊ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများကို ယနေ့နံနက်(၇)နာရီခွဲအချိန်မှ စတင်၍ယှဉ်ပြိုင်ကစားကြရာ အသက်(၃၅)နှစ်အထက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း (၁)တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနအသင်းတို့ယှဉ်ပြိုင်ကစားကြရာ ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ(၁၁)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ညနေ(၃)နာရီ အချိန်တွင် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းနှင့် ပညာရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အသင်းမှ (၅)ဂိုး (၁)ဂိုးဖြင့် လည်းကောင်း အသီးသီးအနိုင်ရရှိသွားပါသည်။

 


ဆက်လက်၍ ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း(၁)နှင့် (၂)ကြားတွင် လွန်ဆွဲအားကစားပြိုင်ပွဲ (အမျိုးသား)ပွဲစဉ်များအဖြစ် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းမှလည်းကောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအသင်းနှင့် ပညာရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအသင်းမှလည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းမှ လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် သံယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ လည်းကောင်း၊ နေပြည်တော်စည်ပင်အသင်းနှင့် ဖွဲ့စည်းပုံအခြေခံခုံရုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ နေပြည်တော်စည်ပင်အသင်းမှ လည်းကောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအသင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအသင်းမှ လည်းကောင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအသင်းနှင့် ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားဆက်သွယ်ရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအသင်းမှ လည်းကောင်း၊ (အမျိုးသမီး) ပွဲစဉ်များအဖြစ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအသင်းနှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနအသင်းမှ လည်းကောင်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနအသင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနအသင်းမှ လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် ပညာရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်ထဲရေးဝန်ကြီးဌာန အသင်းမှ လည်းကောင်း အသီးသီးအနိုင်ရရှိသွားပါသည်။

 


ဆက်လက်၍ ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း(၁)နှင့် (၂)ကြားတွင် ထုပ်ဆီးထိုး(အမျိုးသမီး) ပြိုင်ပွဲများအဖြစ် ပညာရေးဝန်ကြီးဌာနအသင်းနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပညာရေးဝန်ကြီးဌာနအသင်းမှ လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်ထဲရေးဝန်ကြီးဌာန အသင်းမှလည်းကောင်း အသီးသီးအနိုင်ရရှိသွားပါသည်။

 


ဆက်လက်၍ TC-1 တွင် ယှဉ်ပြိုင်ကစားသော ပိုက်ကျော်ခြင်း (အမျိုးသား)ပြိုင်ပွဲများအဖြစ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအသင်းနှင့် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနအသင်းမှလည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းနှင့် ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားဆက်သွယ်ရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းမှ လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအသင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြန်ကြားရေးဝန်ကြီးဌာနအသင်းမှလည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ လည်း ကောင်း အသီးသီးအနိုင်ရရှိခဲ့ပါသည်။

 


ဆက်လက်၍ ဖူဆယ်အားကစားရုံတွင် ယနေ့နံနက်(၇)နာရီအချိန်မှစတင်၍ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် သမ္မတရုံးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းမှ (၁၁)ဂိုး ဂိုးမရှိဖြင့် လည်းကောင်း၊ ပြန်ကြားရေး ဝန်ကြီးဌာနအသင်းနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြန်ကြားရေးဝန်ကြီးဌာနအသင်းမှ (၈)ဂိုး (၁)ဂိုးဖြင့် လည်းကောင်း၊ ပြည်ထောင်စုရာထူးဝန် အသင်းနှင့် ပြည်သူ့လွှတ်တော်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်ထောင်စုရာထူးဝန်အသင်း မှ (၂)ဂိုး (၁)ဂိုးဖြင့် လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် ပညာရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်ထဲရေး ဝန်ကြီးဌာနအသင်းမှ (၈)ဂိုး (၁)ဂိုးဖြင့် လည်းကောင်း၊


ဆက်လက်၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအသင်းနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအသင်းမှ (၂)ဂိုး (၁)ဂိုး ဖြင့်လည်း ကောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအသင်းနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအသင်းတို့ယှဉ်ပြိုင်ကစားကြရာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအသင်းမှ (၂) ဂိုး (၁)ဂိုးဖြင့် လည်းကောင်း၊ ရွေးကောက်ပွဲကော်မရှင်ရုံးအသင်းနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ရွေးကောက်ပွဲကော်မရှင်ရုံးအသင်းမှ (၅)ဂိုး(၃)ဂိုးဖြင့် လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ ပါသည်။

 


ဆက်လက်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)တွင် ဘော်လီဘော(အမျိုးသမီး)ပွဲစဉ်အဖြစ် ကာကွယ်ရေး ဝန်ကြီးဌာနအသင်းနှင့်ပြည်ထဲရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ (၂၅-၁၆)မှတ်၊ (၂၅-၁၃)မှတ်၊ (၂၅-၁၆)မှတ်ဖြင့် လည်းကောင်း၊ (အမျိုးသား)ပွဲစဉ်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ (၂၅-၄)မှတ်၊ (၂၅-၇)မှတ်၊ (၂၅-၁၂)မှတ်ဖြင့် လည်းကောင်း အသီးသီးအနိုင်ရရှိသွားကြောင်း သတင်းရရှိပါသည်။


back to top Eng