skip to content

နေပြည်တော်၊ ဒီဇင်ဘာလ(၂၇)ရက်။

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြား​ရေးမှူးချုပ် ဦးမျိုးလှိုင် (၂၆.၁၂.၂၀၁၉) ရက်​နေ့ ​နေ့လည်(၁၂)နာရီအချိန်တွင် ရခိုင်ပြည်နယ်၊ စစ်​တွေမြို့သို့ ​ရောက်ရှိကာ အားကစားနှင့်ကာယပညာသိပ္ပံ (စစ်​တွေ) တည်​ဆောက်​ရေး လုပ်ငန်းခွင်နှင့် အားကစားကွင်း/အားကစားရုံများသို့ လိုက်လံကြည့်ရှုစစ်​ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

 

 

ထို့​နောက် ပြည်နယ် အစည်းအ​ဝေးခန်းမ၌ ဌာနရှိဝန်ထမ်းများနှင့် ​တွေ့ဆုံပွဲပြုလုပ်ကာ ရခိုင်ပြည်နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြား​ရေးမှူး ဦးအောင်​စောမြမှ လုပ်ငန်းအ​ကောင်အထည်​ဖော် ​ဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြရာ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။


back to top Eng