skip to content

ကျွန်းစု  ၃၁    ဒီဇင်ဘာ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် အားကစားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အရ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား အလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ(၃၁)ရက်နေ့က မြို့မအားကစားကွင်း၌ ဖွင့်လှစ်ခဲ့သည်။

ဖွင့်ပွဲတွင် ပြိုင်ပွဲဝင်အသင်းများ၏ အားကစားသမားများမှ ကွင်းအတွင်းဝင်ရောက်နေရာယူ၍ နိုင်ငံတော် အလံနှင့် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဉက္ကဋ္ဌ ကိုယ်စား မြို့နယ်ရဲတပ်ဖွဲ့မှူး ဝင်းမောင်အား အလေးပြုခဲ့ကာ ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် အဖွင့်ပွဲစဉ်ဖြင့် အမှတ်(၁)အသင်းနှင့် ကိုဖိုးကျော်အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြရာ (၁-၁) ဂိုးဖြင့် သရေ ရလဒ်သာ ရရှိခဲ့သည်။

ပြိုင်ပွဲတွင် ကျွန်းစုမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာပေါင်းစုံ (၉)သင်း ပြိုင်ပွဲဝင် ကစားသမား ဝန်ထမ်း (၉၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲကို ဒီဇင်ဘာ(၃၁)ရက်နေ့မှ (၄)ရက်နေ့ထိ တစ်နေ့လျှင် (၄)ပွဲနှုန်းဖြင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ဝင်းမောင်၊ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ပြိုင်ပွဲဝင်အသင်းသားများ၊ ဘောလုံးဝါသနာရှင်များ တက်ရောက်ကာ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

 

စည်သူရအောင်(ကျွန်းစု)


back to top Eng