skip to content
 
နေပြည်တော်၊ ဇန်နဝါရီ(၂၃)ရက်။
 
မြန်မာ့ဘောလုံးလောက ယခုထက်ပိုမို အောင်မြင်မှုများစွာရရှိစေရေးနှင့် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ်ထွက်ပေါ်လာစေရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိပြီး ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၂)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ယနေ့ နေ့လည်(၃)နာရီအချိန်တွင်  ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးဘောလုံးကွင်းများ၌ ကျင်းပရာ ကွင်းအမှတ်(၁)၌ ကယားပြည်နယ်အသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကယားပြည်နယ်အသင်းမှ(၄)ဂိုး၊ ဂိုးမရှိဖြင့်လည်းကောင်း၊ ကွင်းအမှတ်(၃)၌ ကချင်ပြည်နယ်အသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တစ်ဖက်(၂)ဂိုးစီသရေရလဒ် ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသွားပါသည်။
 
 
အဆိုပါ ၂ဝ၁၇ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၂)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲအုပ်စုပွဲစဉ်များကို (၂၄.၁.၂ဝ၁၈) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းများသည် နေ့လည်(၃)နာရီအချိန်တို့တွင် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း လေ့ကျင်ရေးကွင်း(၁)နှင့် (၃)တို့၌ ယှဉ်ပြိုင် ကစားကြမည်ဖြစ်ပါသဖြင့် ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆိုအခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။
 

back to top Eng