skip to content

ကလိန်အောင် ၃ ဇန်နဝါရီ 

၂၀၂၀ပြည့်နှစ် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသမီးဘော်လီဘောပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ အမှတ်(၁)ရပ်ကွက် အားကစားကွင်း၌ စတင်ကျင်းပခဲ့သည်။

အဆိုပါ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် အသင်း(၁၀)သင်းက ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး ငါးသင်းတစ်အုပ်စုဖြင့် အုပ်စုနှစ်စုခွဲကာ ယှဉ်ပြိုင်၍ ပထမ၊ ဒုတိယနှင့် တတိယဆုရ အသင်းများကို  လွတ်လပ်ရေးနေ့တွင် ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေး ကော်မတီထံမှ သိရသည်။

 

ဒေါ်မိုးမိုးခိုင်၊ ကလိန်အောင်(ပြန်/ဆက်)


back to top Eng