သဲကုန်း ဇန်နဝါရီ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် အားကစားကွင်းတွင် ယမန်နေ့က လူငယ်ချစ်ကြည်ရေး ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးချို၊ မြို့နယ်အား/ကာဦးစီး ဦးသန်းဇော်၀င်းနှင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် အဖွဲ့၀င်များ၊ ပေါင်းတည်၊ ပြည်နှင့် သဲကုန်းမြို့နယ်တို့မှ အားကစားသမားများ စုစုပေါင်း (၇၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးချိုတို့မှ အမှာစကား အသီးသီး ပြောကြားခဲ့ပြီး ပြိုင်ပွဲ ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်ဇော်မှပြိုင်ပွဲကျင်းပရသည့် ရည်ရွယ်ချက်နှင့် ပြိုင်ပွဲ စည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားသည်။
အဆိုပါ ပြိုင်ပွဲအား အသင်း(၇) သင်းမှ ဇန်နဝါရီ(၃၁) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲ ပထမနေ့အဖြစ် ပြည်မြို့ မှော်ဇာအသင်းနှင့် ပေါင်းတည် အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ ပြည်မြို့မှော်ဇာအသင်းမှ ပေါင်းတည်အသင်းကို နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိသွားကြောင်း သိရသည်။
နိုင်လင်း(ပြန်/ဆက်)