skip to content

 

မန္တလေး၊ဇန်နဝါရီ (၂၈)။

မြန်မာ - အိန္ဒိယ နှစ်နိုင်ငံ ယဉ်ကျေးမှုပူးပေါင်းဖလှယ်ရေး အစီအစဉ်အရ မြန်မာ - အိန္ဒိယ နှစ်နိုင်ငံ ချစ်ကြည်ရေး အမျိုးသမီးဘောလုံးပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်အဖြစ် အားကစားနှင့် ကာယပညာသိပ္ပံ (မန္တလေး) အသင်းနှင့် မဏိပူရ်ပြည်နယ်အသင်းတို့သည် ဇန်နဝါရီလ (၂၈) ရက်နေ့ ညနေ့ (၃:၀၀) နာရီက မန္တလေးမြို့ မန္တလာသီရိ အဆင့်မြင့် အားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြသည်။

အဆိုပါ ပြိုင်ပွဲသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး တိုင်းဒေသကြီး အမျိုးသမီးရေရာကော်မတီ နာယက ဒေါက်တာဒေါ်ယုယုမေ၊ တိုင်းဒေသကြီးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အားကစားဝန်ကြီးဌာန ဝန်ကြီး Mr. LETPAO HAOKIP၊ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် မြို့တော်ဝန်၊ အိန္ဒိယ ကောင်စစ်ဝန်ချုပ်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် နှင့် တာဝန်ရှိသူတို့က လိုက်လံ နှုတ်ဆက်အားပေးပြီး မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ၏ နိုင်ငံတော်သီချင်းဖြင့် အလေးပြုကြသည်။

 

ထို့နောက် ပြိုင်ပွဲစတင်ယှဉ်ပြိုင်ရာ အားကစားနှင့် ကာယပညာသပ္ပံ (မန္တလေး) အသင်းက မဏိပူရ်ပြည်နယ် လက်ရွေးစင်အသင်းကို နှစ်ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး တိုင်းဒေသကြီး အမျိုးသမီးရေရာကော်မတီ နာယက ဒေါက်တာဒေါ်ယုယုမေက ချစ်ကြည်ရေးဆုဖလား ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။


back to top Eng