skip to content

နေပြည်တော်၊ ဇန်နဝါရီလ(၁၆)ရက်။       

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော ၂၀၂၀ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၂၅)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲကို ယနေ့နံနက် (၆)နာရီ(၁၅)မိနစ်အချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ကွင်းတွင် ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်ဥက္ကဌ ဦးရှိန်ဝင်း၊  ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုခဲ့ကြပါသည်။

  

ယနေ့ပြိုင်ပွဲများအဖြစ် မာရသွန်(ကျား/မ)၊ သံပြားဝိုင်းပစ်(မ)၊ တန်းမြင့်ခုန်(မ)၊ သုံးဆင့်ခုန်(ကျား)၊မီတာ(၁၅၀၀)(ကျား/မ)၊သံလုံးပစ်(ကျား)၊မီတာ၄၀၀x­၄ လက်ဆင့်ကမ်း (ကျား/မ)ပြိုင်ပွဲများ ကျင်းပခဲ့သည်။

ပြိုင်ပွဲများအပြီး ဆုပေးပွဲကျင်းပရာ အမျိုးသမီးသံပြားဝိုင်းပစ်ပြိုင်ပွဲတွင်  ပထမ မှူးကိုဖေ(ကယား)၊ ဒုတိယသိမ့်သိမ့်သူ(စစ်ကိုင်း)၊ တတိယဂျေမီလီအေး(ကချင်)၊ အမျိုးသမီးတန်းမြင့်ခုန်ပြိုင်ပွဲတွင် ပထမ မြတ်နိုးသူ(တနင်္သာရီ)၊ဒုတိယ ဖြူပြာမြင့် (ဧရာဝတီ)၊ပူးတွဲတတိယ ဝါဝါရွှေ(မကွေး)နှင့်ကြည်စမ်းဝေ(ရန်ကုန်)၊ အမျိုးသား သုံးဆင့် ခုန်ပြိုင်ပွဲတွင် ပထမဟိန်းထက်အောင်(မန္တလေး)၊ဒုတိယ နိုင်ထက်ပိုင်(တနင်္သာရီ)၊ တတိယ သူရိန်ထွန်း(စစ်ကိုင်း) ၊အမျိုးသမီးမီတာ(၁၅၀၀) ပထမ ရူပါကျော်(ရှမ်း)၊ ဒုတိယ ထားသဉစ္စာအေး(စစ်ကိုင်း)၊တတိယမြဖူးငုံ(မန္တလေး)၊ အမျိုးသားမာရသွန် ပြိုင်ပွဲတွင်ပထမ မိုးဦး(မန္တလေး)၊ ဒုတိယလက်တီး(ရှမ်း)၊ တတိယဇင်မင်းထွန်း(စစ်ကိုင်း)၊အမျိုးသမီးမာရသွန်ပြိုင်ပွဲတွင်ပထမ သဲသဲခိုင်(ပဲခူး)၊ ဒုတိယ မိုးအိဖြူ(တနင်္သာရီ)၊ တတိယ ဒေါရစ်(တနင်္သာရီ)၊ အမျိုးသားမီတာ(၁၅၀၀)ပြိုင်ပွဲတွင်ပထမ ဇာနည်ထွန်း(မကွေး)၊ ဒုတိယကျော် ဆွေ(ပဲခူး)၊ တတိယ သန့်ဇင်စိုး(တနင်္သာရီ)၊အမျိုးသားသံလုံးပစ်ပြိုင်ပွဲတွင် ပထမ ထက်ဝေယံ(ရှမ်း)၊ဒုတိယ စောမျိုးသက်ထွေး(ကရင်)၊ တတိယ ထက်ဝေယံ(စစ်ကိုင်း)၊ အမျိုးသမီးမီတာ၄၀၀x၄လက်ဆင့်ကမ်းပြိုင်ပွဲတွင် ပထမတနင်္သာရီတိုင်းဒေသကြီးအသင်း၊ ဒုတိယ ဧရာဝတီတိုင်းဒေသကြီးအသင်း၊ တတိယ ရှမ်းပြည်နယ်အသင်း၊ အမျိုးသားမီတာ၄၀၀x၄လက်ဆင့်ကမ်းပထမ ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယ ရှမ်းပြည်နယ်အသင်း၊ တတိယ တနင်္သာရီတိုင်းဒေသကြီးအသင်းတို့အားညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။

 

ဆက်လက်၍ အမျိုးသမီးမီတာ(၃၀၀၀)တားဆီးကျော်ပြိုင်ပွဲတွင် သီတာဦး (မန္တလေး)(၁၁:၄၂.၂၅)မိနစ်၊ အေးအေးမြို့ (မန္တလေး)(၁၁:၅၄.၁၈)မိနစ်၊ အမျိုးသားကြိုး တပ်သံလုံးပစ် ပြိုင်ပွဲတွင် စောဒီဇင်ဘာသိန်း (မကွေး)(၄၇.၀၉)မီတာ၊ အမျိုးသမီးလှံတံပစ်ပြိုင်ပွဲတွင် အေးချမ်းဗိုလ်(ပဲခူး)(၄၀.၇၃)မီတာ၊ မေကျော့ရှင်း(စစ်ကိုင်း)(၄၀.၂၆)မီတာ၊ အမျိုးသားတန်းမြင့်ခုန်ပြိုင်ပွဲတွင် ရာဇာဖြိုး(စစ်ကိုင်း)(၁.၉၄)မီတာတို့ဖြင့်စံချိန်သစ်တင်သော အားကစားသမားများကို အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းမှလည်းကောင်း၊

ဆက်လက်၍ ရမှတ်(၉၂)မှတ်ဖြင့် အမျိုးသမီး တံခွန်စိုက်ဒိုင်းရရှိသွားသော တနင်္သာရီတိုင်းဒေသကြီးအသင်းကို အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှလည်းကောင်း၊

ဆက်လက်၍ ရမှတ်(၉၄)မှတ်ဖြင့် အမျိုးသားတံခွန်စိုက်ဒိုင်းဆုရရှိသွားသော ရှမ်းပြည်နယ်အသင်းအား မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် ဥက္ကဌဦးရှိန်ဝင်းမှလည်းကောင်း၊

ဆက်လက်၍ ရမှတ်(၁၆၁)မှတ်ဖြင့် စုပေါင်းတံခွန်စိုက်ဒိုင်းရရှိသွားသော တနင်္သာရီ တိုင်းဒေသကြီးအသင်းအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။


back to top Eng