skip to content

နေပြည်တော်၊ ဖေဖော်ဝါရီ(၉)ရက်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်သောလူငယ်/လူရွယ်များဖြစ်ပေါ်လာစေရေး၊ ဂေါက်သီးအားကစားနည်းကို ယခုထက် ပိုမို တိုးတက်ဖွံ့ဖြိုးစေရေးနှင့် မျိုးဆက်သစ် အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာ စေရေးတို့အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်လျက် ရှိပြီး ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီး ဂေါက်သီးရိုက်ပြိုင်ပွဲ ဆက်လက်ကျင်းပပြုလုပ်ရာ နောက်ဆုံးနေ့ပွဲစဉ်များကို ယနေ့နံနက်(၇းဝဝ)နာရီအချိန်တွင် ယှဉ်ပြိုင်ကစားပြီး ဆုပေးပွဲအခမ်းအနားကို နေ့လည်(၃)နာရီတွင် အချိန်တွင်ကျင်းပပြုလုပ်ရာ အဆိုပါအခမ်းအနားသို့ အမျိုးသားလွတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဒုတိယညွန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

          အမျိုးသမီးတစ်ဦးချင်း အကြောပေးပြိုင်ပွဲတွင် သိမ့်သိမ့်မိုး (ကယား) မှ စုစုပေါင်းရိုက်ချက် (၇၁+၆၉+၇၃=၂၁၃) ဖြင့်ပထမ၊ တင့်တင့်ထွန်း (ရန်ကုန်) မှ စုစုပေါင်းရိုက်ချက် (၈၁+၇၂+၆၃=၂၁၆)ဖြင့် ဒုတိယ၊ နီလာထွေး (ရှမ်း) မှ ရိုက်ချက် (၇၄+၇၂+၇၃) ဖြင့် တတိယဆုများအသီးသီးရရှိရာ ထိုဆုများကို မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်၊ ဒိုင်ချုပ် ဦးဌေးအောင်မှ လည်းကောင်း၊ အမျိုးသားတစ်ဦးချင်း အကြောပေးပြိုင်ပွဲတွင် မင်းညီညီ (မကွေး) မှ ရိုက်ချက်စုစုပေါင်း (၇၁+၆၂+၆၃+၆၃=၂၅၉)ဖြင့် ပထမ၊ ဇော်ထက် (မကွေး) မှ ရိုက်ချက် (၇၃+၆၆+၆ဝ+၆၁=၂၆ဝ)ဖြင့် ဒုတိယ၊ သီဟလင်း (ရှမ်း) မှ ရိုက်ချက် (၇၂+၆၆+၆၅+၅၉=၂၆၂)ဖြင့် တတိယဆုများရရှိရာ ထိုဆုများကို အမျိုးသားလွတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီအဖွဲ့ဝင် ဦးဝေလင်းမှလည်းကောင်း၊

 အမျိုးသမီးအသင်းလိုက် အကြောပေးပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအသင်းမှ ရိုက်ချက်(၁၄၆+၁၅၂+၁၄၃=၄၄၁)ဖြင့် ပထမ၊ ကယားပြည်နယ်အသင်းမှ ရိုက်ချက် (၁၅၆+၁၅၃+၁၅၃=၄၆၂)ဖြင့် ဒုတိယဆုကိုလည်းကောင်းရရှိရာ ထိုဆုများကို အမျိုးသားလွတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီအဖွဲ့ဝင် နော်ဇာမူတူူးမှလည်းကောင်း၊ အမျိုးသမီးအသင်းလိုက် အကြောပေးပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီးအသင်းမှ ရိုက်ချက် (၂၁၃+၁၉၉+၁၈၉+၁၈၇=၇၈၈)ဖြင့် ပထမ၊ ရှမ်းပြည်နယ်အသင်းမှ ရိုက်ချက် (၂၁၈+၁၉၃+ ၁၉၄+၁၉၆=၈ဝ၁)ဖြင့် ဒုတိယ၊ ကယားပြည်နယ်အသင်းမှ ရိုက်ချက် (၂၁၉+၂၁၃+၂ဝဝ+၂ဝ၁)ဖြင့် တတိယဆုများရရှိရာ ထိုဆုများကို အမျိုးသားလွတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီအဖွဲ့ဝင် မန်းထွန်းကြိုင်မှလည်းကောင်း၊

          အမျိုးသမီးတစ်ဦးချင်း အကြောမဲ့ပြိုင်ပွဲတွင် ပြုံးပြုံးထွေး (မကွေး) မှ ရိုက်ချက် (၈ဝ+၇၈+၈၂=၂၄၉)ဖြင့် ပထမ၊ သံလွင်မိုးသက် (ရန်ကုန်) မှ ရိုက်ချက် (၈၉+၉၁+၉၅=၂၇၅)ဖြင့် ဒုတိယ၊ ဖူးမြင့်မြတ်ဦး (မန္တလေး) မှ ရိုက်ချက် (၈၆+၉၁+၁ဝဝ=၂၇၇)ဖြင့် တတိယဆုများရရှိရာ ထိုဆုများကို အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွန်ကြားရေးမှူး ဦးမောင်မောင်စိုး မှလည်းကောင်း၊ ထက်မိုးလှိုင် (မန္တလေး) မှ ရိုက်ချက် (၇၆+၇၆+၇၃+၇၄=၂၉၉)ဖြင့် ပထမ၊ လှိုင်မြင့်ဇော် (စစ်ကိုင်း) မှ ရိုက်ချက် (၇၈+၇၁+၇၉+၇၇=၃ဝ၅) ဖြင့် တတိယဆုများရရှိရာ ထိုဆုများကို အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွန်ကြားရေးမှူး ဦးဌေးအောင် မှလည်းကောင်း၊

          အမျိုးသမီးအသင်းလိုက် အကြောမဲ့ပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီးအသင်းမှ ရိုက်ချက် (၁၈ဝ+၁၇၉+၁၇၉=၅၃၈)ဖြင့် ပထမ၊ ရန်ကုန်တိုင်းဒေသကြီးမှ ရိုက်ချက် (၁၉၂+၁၈၅+ ၁၈ဝ=၅၅၇)ဖြင့် ဒုတိယ၊ ရှမ်းပြည်နယ်အသင်းမှ ရိုက်ချက် (၂၁၂+၂၁ဝ+၂ဝဝ=၆၂၂)ဖြင့် တတိယ ဆုများရရှိကြရာ ထိုဆုများကို အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွန်ကြားရေးမှူးချုပ် ဦးမြသန်းထိုက်မှလည်းကောင်း၊ အမျိုးသား အသင်းလိုက်ပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ရိုက်ချက်(၂၂၉+၂၂၄+၂၃၃+၂၂၇ =၉၁၃)ဖြင့် ပထမ၊ မန္တလေးတိုင်းဒေသကြီးအသင်းမှ ရိုက်ချက် (၂၂၈+၂၃၅+၂၃ဝ+၂၃၁ =၉၂၄)ဖြင့် ဒုတိယ၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ရိုက်ချက် (၂၃၁+၂၂၇+၂၃၉+၂၂၉=၉၂၆)ဖြင့် တတိယဆုများရရှိကြရာ ထိုဆုများကို အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဒုတိယညွန်ကြားရေးမှူးချုပ် ဦးကျော်ဆန်း မှလည်းကောင်း၊ အမျိုးသားတံခွန်စိုက်ဆုဖလားရရှိသော စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် အမျိုးသမီးတံခွန်စိုက် ဆုဖလားရရှိသော မကွေးတိုင်းဒေသကြီးအသင်းတို့အား အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး မှလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။


back to top Eng