skip to content
 
တောင်ကြီး- ၂၀၂၀ခုနှစ် ဖေဖော်ဝါရီ လ ၆ ရက်
 
ကျောင်းသားလူငယ်များ ပညာရေးနှင့် အားကစား တွဲဖက်ဆောင်ရွက်ပြီး နိုင်ငံအားကစားတိုးတက်စေရန်အတွက် မြန်မာ့လက်ရွေးစင်အားးကစားဟောင်းများအသင်းမှ ၂၀၂၀ခုနှစ် ဖေဖော်ဝါရီ လ ၆ ရက် နံနက် ၉ နာရီ အချိန်တွင် ရှမ်းပြည်နယ်( တောင်ပိုင်း) တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ ပြည်နယ်လေ့ကျင့်ရေး အားကစားရုံ ၌ အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ပထမဆုးံအကြိမ်အဖြစ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
 
ရှေးဦးစွာ မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်းများအသင်း ဥက္ကဌ၊ မြန်မာ့လက်ရွေး ရေကူးအားကစားသမားဟောင်း ဦးနန္ဒကျော်စွာက မိတ်ဆက်အမှာစကား ပြောကြားသည်။ ၎င်း နောက် နိုင်ငံဂုဏ်ဆောင် အားကစားသမားဟောင်း ၂၃ ဦးက သက်ဆိုင်ရာ အားကစားနည်းမျိုးစုံမှ ရွှေတံဆိပ်များ ဆွတ်ခူးပြီး နိုင်ငံဂုဏ်ဆောင်နိုင်အောင် ကြိုးစားဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများကို ဆွေးနွေးဟောပြောပေးခဲ့သည်။
 
ဟောပြောပွဲနှင့်ပတ်သတ်၍ မြန်မာ့လက်ရွေးစင် အားကစားဟောင်းများတွင်းရေးမှူ း ( မြန်မာ့လက်ရွေးစင် ဘော်လီဘောအားကစားသမားဟောင်း) "ဦးစိုးသိန်း " မှ မြန်မာ့အားကစား အဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် မြန်မာ့လက်ရွေးစင်ဟောင်းများကနေ တစ်ဖက်တစ်လမ်းကနေ ကူညီဆောင်ရွက်ပေးတာပါ။ ပညာရေး နဲ့ အားကစား၊ ကျန်းမာရေးတွဲဖက်ပြီး ဆောင်ရွက်နိုင်ဖို့အပြင် ကျောင်းသားလူငယ်တွေ အားကစားပြုလုပ်ခြင်းဖြင့်ကျန်းမာကြံခိုင်မယ်၊ ဥာဏ်ရည် ပိုမိုဖွံ့ဖြိုးတိုးတက်လာမယ်။ ပညာရေးနဲ့ အားကစား ဒွန်တွဲဖော်ဆာင်ပြီး ပညာရေးမှာလည်း မလှစ်ဟင်းနိုင်ကြောင်း အသိပညာများပေးခဲ့သည်။
အဆိုပါဟောပြောပွဲသို့ တောင်ကြီးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများ။ ဆရာ။ ဆရာမများ အားကစားဝါသနာရှင်များ။ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး မြန်မာ့လက်ရွေးစင်အားကစားဟောင်းများအသင်းမှ အားကစားဆိုင်ရာ အသိပညာပေးစာအုပ်များ အမှတ်တရပေးအပ်ခဲ့သည်။
 
ဆက်လက်၍ အားကစားနှင့် ကာယပညာသိပ္ပံ ( တောင်ကြီး)နှင့် ကယားပြည်နယ်ရှိ အခြေခံပညာကျောင်းများသို့ သွားရောက်၍ မျိုးဆက်သစ် နိုင်ငံဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် အားကစားအတွေ့အကြုံများကိုဆက်လက် ဆွေနွေးဟောပြောသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

back to top Eng