ရန်ကုန်၊ ဖေဖော်ဝါရီလ(၁၁)ရက်။
ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနနှင့် Pocari Sweat တို့မှ ပူးပေါင်းကျင်းပသည့် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ငြိမ်းချမ်းရေးအပြေးပြိုင်ပွဲကို ယနေ့နံနက်(၆)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျိုက္ကဆံအားကစားကွင်းရှိ ပြေးခုန်ပစ်ကွင်း၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဌ ဦးလင်းနိုင်မြင့်၊ လူမှုရေးဝန်ကြီးဦးနိုင်ငံလင်း၊ တာမွေမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်း နှင့် ဦးသိန်းမြင့်၊ ရန်ကုန်တိုင်းပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေ ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် ခရိုင်/မြို့နယ်များမှ အားကစားအရာရှိများ၊ Pocari Sweat မှ တာ၀န်ရှိပုဂ္ဂိုလ်များ၊ အခြေခံပညာကျောင်းပေါင်းစုံများမှ ကာယဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ကြသည်။
အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌ ဦးလင်းနိုင်မြင့်၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ တာမွေမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းနှင့် ဦးသိန်းမြင့်၊ Pocari Sweat မှ တာ၀န်ရှိပုဂ္ဂိုလ်များ က အလံကိုဝှေ့ရမ်း၍ တာလွှတ်ပေးခဲ့ရာ ကျိုက္ကဆံကွင်းမှ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ မြောက်မြင်းပြိုင်ကွင်းလမ်း၊ စက်မှု(၁)လမ်း၊ ကမ္ဘာအေးဘုရားလမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းသစ်မှ ဆရာစံလမ်းအတိုင်း မြောက်မြင်းပြိုင်ကွင်းလမ်းမှ တဆင့်အရှေ့ မြင်းပြိုင်ကွင်းလမ်းရှိ ကျိုက္ကဆံကွင်းသို့ ပြန်လည်ပန်းဝင်ခဲ့သည်။
ဆက်လက်၍ ဆုပေးပွဲကိုကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌ ဦးလင်းနိုင်မြင့်၊ လူမှုရေးဝန်ကြီးဦးနိုင်ငံလင်း၊ တာမွေမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းနှင့် ဦးသိန်းမြင့်၊ ရန်ကုန်တိုင်းပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေ ၊ အားကစားနှင့် ကာယ ပညာသိပ္ပံ (ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ Pocari Sweatမှ တာ၀န်ရှိပုဂ္ဂိုလ်များက ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရ ကျောင်းသား/ ကျောင်းသူ များအားဆုများ ကိုအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲတွင်ရန်ကုန်တိုင်းဒေသကြီးရှိအခြေခံပညာကျောင်းပေါင်းစုံများမှ ကျောင်းသား/ကျောင်းသူ (၂၀၀၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းသိရှိရသည်။