ရန်ကုန် ဖေဖော်ဝါရီ ၂၃
ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် ပညာရေး၀န်ကြီး ဌာန ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်ပေါင်းစုံ ဖိတ်ခေါ်လှေလှော် ဗိုလ်လုပွဲပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ အင်းလျားလမ်း ရန်ကုန် တက္ကသိုလ်များ လှေလှော်အသင်း(ရန်ကုန်)၌ ကျင်းပသည်။
ဗိုလ်လုပွဲများအပြီး အမျိုးသား၊ အမျိုးသမီး ၁၀ တက် မီတာ ၁၀၀၀ ၊ မီတာ ၅၀၀၊ ၁၀ တက်လှော် Mixed မီတာ ၁၀၀၀၊ မီတာ ၅၀၀၊ အမျိုးသား၊ အမျိုးသမီး အပြည်ပြည်ဆိုင်ရာ လှေလှော်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြ သော အားကစားသမားများအား တစ်ဦးချင်း ဆုတံဆိပ်များ၊ အနောက်တိုင်းလှေ အမျိုးသား+ အမျိုး သမီး တံခွန်စိုက်ဆု၊ အနောက်တိုင်း လှေအမျိုးသား၊ အမျိုးသမီး တံခွန် စိုက်ဆု၊ ရိုးရာလှေ တံခွန်စိုက်ဆုရရှိ ကြသော တက္ကသိုလ်အသင်းများအား ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ မြန်မာ နိုင်ငံ လှေလှော်အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းထွန်းဦး၊ တက္ကသိုလ် လှေလှော် အသင်းသားဟောင်းများ အသင်း ဒုတိယဥက္ကဋ္ဌ ဦးသိန်းညွန့်ဦး၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ သိန်း၀င်း၊ ရန်ကုန်စီးပွားရေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ တင်၀င်းနှင့် ပါမောက္ခများ၊ ပါမောက္ခဌာနမှူး များက ဆုများချီးမြှင့်ကြသည်။
အဆိုပါပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၃ရက်အထိ ကျင်းပခဲ့ ကြောင်း သိရသည်။
တင်စိုး (မြန်မာ့အလင်း)