skip to content

နေပြည်တော်၊ ဖေဖော်ဝါရီ (၁၂)ရက်။     

ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊  အာရှစက်ဘီးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသော ၂၀၁၈ခုနှစ်၊ အာရှတာဝေးစက်ဘီးပြိုင်ပွဲနှင့် မသန်စွမ်းစက်ဘီးပြိုင်ပွဲ နောက်ဆုံးနေ့ပွဲစဉ်အား ယနေ့နံနက် (၈)နာရီအချိန်တွင်  Individual Men Elite  (၁၇၆)ကီလိုမီတာပြိုင်ပွဲကို ကျင်းပရာ ပြိုင်ပွဲ၀င်နိုင်ငံများမှ အားကစားသမား (၅၄)ဦးပါ၀င်ယှဉ်ပြိုင်ကြပြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ သေနတ်ပစ်ဖောက် တာလွှတ်ပေးခဲ့သည်။

ပြိုင်ပွဲကို ၀ဏ္ဏသိဒ္ဓိအားကစားကွင်းမှ  စတင်တာလွှတ်ပြီး သပြေကုန်အဝိုင်း- ကံကော်အဝိုင်း- လေဆိပ်မှတဆင့်- ရာဇသင်္ဂဟလမ်း - အင်ကြင်ပန်းအဝိုင်း - မင်္ဂလာအဝိုင်း - ခွာညိုဝိုင်းအတိုင်း - ကြာပန်းအဝိုင်း - Toal Gate - နေပြည်တော်တပ်ကုန်း(၂၁)မိုင်မှပြန်လှည့်ကာ ခွာညိုပန်းအဝိုင်းမှ လာရာလမ်းအတိုင်း စီးနင်းပြီး ၀ဏ္ဏသိဒ္ဓိအဝိုင်း- ပျဉ်းမနား - တောင်ညိုကားလမ်းမှတဆင့် ၀ဏ္ဏသိဒ္ဓိအားကစားကွင်းသို့ ပန်း၀င်စေခဲ့သည်။  ပြိုင်ပွဲတွင် U.A.E နိုင်ငံ အားကစားသမားမှ စံချိန် (၃)နာရီ (၅၀)မိနစ် (၃၂)စက္ကန့်ဖြင့် ပထမ၊ ဂျပန်နိုင်ငံ အားကစားသမားမှ စံချိန် (၃)နာရီ (၅၀)မိနစ် (၃၂)စက္ကန့်ဖြင့် ဒုတိယ၊ အီရန်နိုင်ငံ အားကစားသမားမှ စံချိန် (၃)နာရီ (၅၀)မိနစ် (၃၂)စက္ကန့်ဖြင့် တတိယဆုကို လည်းကောင်း အသီးသီးဆွတ်ခူးရရှိခဲ့သည်။

ပြိုင်ပွဲအပြီးဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်ဥက္ကဌ ဦးခင်မောင်၀င်းမှ ပထမဆုရရှိသော U.A.E အားကစားသမားကို လည်းကောင်း၊ Mr. Dato Amarjit Singh Gill မှ ဒုတိယဆုရရှိသော ဂျပန်အားကစားသမားကိုလည်းကောင်း၊ Mr. Rajo Sapta Oktohari မှတတိယဆုရရှိသော အီရန်အားကစားသမားကိုလည်းကောင်း အသီးသီး ဆုများ ပေးအပ်ချီးမြှင့်ကြောင်း သိရှိရသည်။

၂၀၁၈ခုနှစ်၊ အာရှတာဝေးစက်ဘီးပြိုင်ပွဲနှင့် မသန်စွမ်းစက်ဘီးပြိုင်ပွဲသို့ အိမ်ရှင်မြန်မာနိုင်ငံ အပါအ၀င် အာရှနိုင်ငံပေါင်း (၂၃)နိုင်ငံမှ အားကစားသမားစုစုပေါင်း (၄၁၅)ဦး (၈-၂-၂၀၁၈) ရက်နေ့မှ (၁၂-၂-၂၀၁၈)ထိ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံအလိုက်အဆင့်ရပ်တည်မှုအဖြစ် ဂျပန်နိုင်ငံမှ ရွှေ(၃)၊ ငွေ(၃)၊ ကြေး(၂)ဖြင့် ပထမ၊ တရုတ်နိုင်ငံမှ ရွှေ(၃)၊ ငွေ(၂)ဖြင့် ဒုတိယ၊ ဟောင်ကောင်နိုင်ငံမှ ရွှေ(၂)၊ ငွေ(၅)၊ ကြေး(၁) ဖြင့် တတိယနေရာဖြင့် ရရှိသွားကြောင်း သတင်းရရှိသည်။


back to top Eng