skip to content

နေပြည်တော်၊ ဖေဖော်ဝါရီလ(၂၆)ရက်။

          ၂ဝ၁၇ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် ဝတ္ဃုတို၊ ဆောင်းပါး၊ ဓါတ်ပုံပြိုင်ပွဲများတွင် ဆုရရှိကြသူများနှင့် အတက်ကြွဆုံး လှုပ်ရှားပါဝင်ခဲ့သည့် မြို့နယ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၈)နာရီအချိန်တွင် နေပြည်တော်ရှိ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ရုံးအမှတ်(၃၁)ရှိ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်အမှာစကား ပြောကြားကာ ဆုများချီးမြှင့်ခဲ့ပါသည်။

          အဆိုပါအခမ်းအနားသို့  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊စွမ်းအင် နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာ ရေးနှင့်လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ ကယားပြည်နယ် စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့်တာဝန်ရှိသူများ၊ ဝတ္ထုတို၊ ဆောင်းပါးနှင့် ဓါတ်ပုံပြိုင်ပွဲတွင် ဆုရရှိကြသူများ၊ ဖိတ်ကြားထားသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အမှုထမ်း၊ အရာထမ်းများ တက်ရောက်ကြပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးမှ အမှာစကားပြောကြားရာတွင် လူတစ်ဦးစီတိုင်း၏ ဘဝရဲ့အဓိကလိုအပ်ချက်မှာ ကိုယ်ကျန်းမာရေးနှင့် စိတ်ကျန်းမာရေး ပြည့်စုံကောင်းမွန်ဖို့ဖြစ်ပါကြောင်း၊ ကိုယ်ကျန်းမာမှသာ စိတ်ပါကျန်းမာမည်ဖြစ်ပါကြောင်း၊ ထိုသို့ ကိုယ်ခန္ဓာကျန်းမာ သန်စွမ်းရေးတွင် ပြည်သူများ ကိုယ်လက်လှုပ်ရှားအားကစားကို နေ့စဉ်ပုံမှန်ပြုလုပ်ရန် လိုအပ်ပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် အားကစားနှင့် ပက်သတ်၍ နိုင်ငံတကာပြိုင်ပွဲများတွင် အားကစားအောင်မြင်မှုရရှိရေးနှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကို အဓိက ရည်မှန်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူများအား လူထုအားကစားလှုပ်ရှားမှု အသွင်ဖြင့် ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလကို အားကစားလှုပ်ရှားမှုလအဖြစ် သက်မှတ်ပြီး ဒီဇင်ဘာလူထုလမ်းလျှောက်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုင်း၊ ခရိုင်၊ မြို့နယ်များတွင် ရှေးယခင်ကတည်းက နှစ်စဉ်ပုံမှန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများအနေဖြင့် လူထုအားကစားလှုပ်ရှားမှုများကို ပါဝင်ရုံသာမက ကိုယ်စီအားကစားလှုပ်ရှားမှုကို နေ့စဉ်ပြုလုပ်ပေးရန်လိုအပ်ပါကြောင်း၊ ထိုသို့ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစားခြင်းသည် အဓိကအရေးကြီးကြောင်းနှင့် နိုင်ငံတော်မှဆောင်ရွက်နေမှုများအား ပြည်သူများသိရှိအောင် မီဒီယာများမှနည်းလမ်းပေါင်းစုံဖြင့် မီးမောင်းထိုးပြပြီး သိရှိအောင် ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ (Exercise is Medicine) ကိုယ်လက်လှုပ်ရှားခြင်းသည် ကျန်းမာရေးအတွက် ဆေးတစ်ခွက်ဖြစ်ကြောင်းခေါင်းစဉ်ဖြင့် ၂ဝ၁၇ခုနှစ်အောက်တိုဘာလ (၂)ရက်မှ(၃)ရက်ထိ  ဆွေးနွေးပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲမှရရှိသော သဘောတူဆုံးဖြတ်ချက် များအား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးတွင် လူမှုရေးဝန်ကြီးများ ဦးဆောင်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ လိုအပ်သော အထောက်အကူပြု ပစ္စည်းများ ထောက်ပ့ံပေးအပ်နိုင်ရန် ကြိုးစားဆောင်ရွက်မည် ဖြစ်ပါ ကြောင်း၊ တိုင်းဒေသကြီး နှင့်ပြည်နယ်များမှ လူမှုရေးဝန်ကြီးများအနေဖြင့် အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် အတူတကွပူးပေါင်း၍ ပြည်သူလူထုတစ်ရပ်လုံး ပါဝင်လာအောင် ကြိုးစားကြစေလိုကြောင်း၊ မီဒီယာများ အနေနှင့် လည်း ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်ခြင်းသည် ကျန်းမာရေးတွင် အရေးကြီးကြောင်းနှင့် လူထုလှုပ်ရှားအားကစားကို နိုင်ငံတော်မှ ဆောင်ရွက်နေမှုများအား ပြည်သူများသိရှိအောင် ယခုထက်ပိုမို ဆောင်ရွက်ပေးရန်စေလိုကြောင်း ပြောကြားပါသည်။

          ထို့နောက် မြန်မာနိုင်ငံအားကစားကလောင်ရှင်များအဖွဲ့ချုပ်၊ အတွင်းရေးမှူး ဦးကျော်စိန်သန်းမှ ဆုရွေးချယ်ရေးနှင့် ပတ်သက်၍ ဆုများစိစစ်ရွေးချယ်မှု အဆင့်ဆင့်ကို ရှင်းလင်းတင်ပြဆွေးနွေးပါသည်။

          ယင်းနောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ကယားပြည်နယ်၊ စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးမှ ဝတ္ထုတိုပြိုင်ပွဲတွင် နှစ်သိမ့်ဆု(၅)ရရှိသော မောင်မောင်လွင်(ရွေဘိုသား)၊ နှစ်သိမ့်ဆု(၄)ရရှိသော မောင်သာမန် (ဇီးကုန်း)၊  နှစ်သိမ့်ဆု(၃)ရရှိသော လင်းထက် (အင်းတော်ကြီး) နှစ်သိမ့်ဆု(၂) ရရှိသော မနောသစ်(ပခုက္ကူ)၊ နှစ်သိမ့်ဆု(၁)ရရှိသော မချောယဉ် (မိုးညှင်း)တို့အားလည်းကောင်း၊

           မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးမှ ဝတ္ဃုတိုပြိုင်ပွဲတွင် တတိယဆုရရှိသော မင်းလပြည့်၊ ဒုတိယဆုရရှိသော သီရိ (ဥပဒေ)၊ ပထမဆုရရှိသော ခင်တင့်ဝေ (မြို့တော်စည်ပင်)၊ ဆောင်းပါးပြိုင်ပွဲတွင် နှစ်သိမ့်ဆု(၅)ရရှိသော စုစုစံ၊ နှစ်သိမ့်ဆု(၄)ရရှိသော ရနံ့ချို (ဟင်္သာတ) တို့အားလည်းကောင်း၊

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးမှ ဆောင်းပါးပြိုင်ပွဲတွင် နှစ်သိမ့်ဆု(၃)ရရှိသော မလေးခင် (ဟင်္သာတ)၊ နှစ်သိမ့်ဆု(၂)ရရှိသော ဝမ်းထက်မိုး (ဇိန့်-အောင်လံ)၊ နှစ်သိမ့်ဆု(၁)ရရှိသော ဇော်မင်းဌေး၊ တတိယဆုရရှိသော ကျော်မျိုးသူ၊ ဒုတိယဆုရရှိသော မောင်မောင်မိုးအောင်တို့အား လည်းကောင်း၊

 

          မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊စွမ်းအင်နှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်မှ ဆောင်းပါးပြိုင်ပွဲတွင် ပထမဆုရရှိသော ဧရာမောင်၊ ဓါတ်ပုံပြိုင်ပွဲတွင် နှစ်သိမ့်ဆု(၅)ရရှိသော ဇော်ဇော်ဝေ (ဆင်ဖြူကျွန်း)၊ နှစ်သိမ့်ဆု(၄)ရရှိသော ခင်လပြည့်ဝန်း၊ နှစ်သိမ့်သူ(၃)ရရှိသော ထက်သူ (ရွှေကျောင်းကြီး)၊ နှစ်သိမ့်ဆု(၂)ရရှိသော စုပုံချစ် (ပုသိမ်ကြီး) တို့အားလည်းကောင်း၊

          မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ ဓါတ်ပုံပြိုင်ပွဲတွင် နှစ်သိမ့်ဆု(၁)ရရှိသော ထက်သူ (ရွေကျောင်းကြီး)၊ တတိယဆုရရှိသော စိုးမြင့် (ပုသိမ်ကြီး)၊ ဒုတိယဆုရရှိသော ဘိုသင်း(မန်းတက္ကသိုလ်)၊ ပထမဆုရရှိသော မြဇော် (ရေနံချောင်း)၊ မြို့နယ် နှစ်သိမ့်ဆု(၅)ရရှိသော ဟားခါးမြို့နယ်၊ နှစ်သိမ့်ဆု(၄)ရရှိသော ဘိုကလေးမြို့နယ် တို့အားလည်းကောင်း၊

 

         ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းမှ မြို့နယ် နှစ်သိမ့်ဆု(၃)ရရှိသော မြောင်းမြမြို့နယ်၊ နှစ်သိမ့်ဆု (၂)ရရှိ သော ဂန့်ဂေါမြို့နယ်၊ နှစ်သိမ့်ဆု(၁)ရရှိသော မြိတ်မြို့နယ်၊ တတိယဆုရရှိသော မတ္တရာမြို့နယ်၊ ဒုတိယဆုရရှိသော ဖြူးမြို့နယ်၊ ပထမဆုရရှိသော အောင်လံမြို့နယ်တို့အား လည်းကောင်း၊

          ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးမှ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုများတွင် အတက်ကြွဆုံးပါဝင်လှုပ်ရှားခဲ့သည့် တိုင်းဒေသကြီး နှင့်ပြည်နယ်များမှ နှစ်သိမ့်ဆု(၃)ရရှိသော ဧရာဝတီတိုင်းဒေသကြီး၊ နှစ်သိမ့်ဆု(၂)ရရှိသော မကွေးတိုင်းဒေသကြီး၊ နှစ်သိမ့်ဆု(၁)ရှမ်းပြည်နယ်၊ တတိယဆုရရှိသော ကယားပြည်နယ်၊ ဒုတိယဆုရရှိသော ပဲခူးတိုင်းဒေသကြီး၊ ပထမဆုရရှိသော မန္တလေးတိုင်းဒေသကြီး နှင့် ၂ဝ၁၇ခုနှစ်အတွင်း အားကစားပြိုင်ပွဲတိုင်းတွင် အောင်မြင်မှု အမြင့်မားဆုံးဆုရရှိသော မန္တလေးတိုင်းဒေသကြီးတို့အား ဆုဖလားနှင့် ငွေသားဆုများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ ပါသည်။

          ဆက်လက်၍ ဆုရရှိသူများကိုယ်စား ဝတ္ထုတိုပြိုင်ပွဲတွင် တတိယဆုရရှိသော မင်းလပြည့် က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။

          ဆုပေးပွဲအခမ်းအနားအပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဆုရရှိသူများနှင့်အတူ မှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးပြီးနောက် ဆုရ (ဓါတ်ပုံ၊ ဆောင်းပါး၊ ဝတ္ထုတိုများ) နှင့် လူထုအားကစားလှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါသည်။


back to top Eng