skip to content
 
နေပြည်တော်၊ မတ်လ(၁၂)ရက်။
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ အဂင်္လိပ်စာကျွမ်းကျင်မှုသင်တန်းဖွင့်ပွဲအခမ်းအနားကို  ယနေ့နံနက် (၉းဝဝ)နာရီအချိန်တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း Multipurpose Hall ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယñွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ သင်တန်းသို့ တက်ရောက်မည့် သင်တန်းသား/ သင်တန်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။ ရှေးဦးစွာ ဒုတိယñွှန်ကြားရေးမှူးချုပ်ဦးထွန်းမြင့်ဦးမှ အဖွင့်အမှာစကား ပြောကြားရာတွင် အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရေးအတွက် Mass sports  နှင့် Excellent sports  တို့အတွက်အဖက်ဖက်မှ ကြိုးစားဆောင်ရွက်လျက်ရှိရာတွင် တစ်ဖက်တလှမ်းမှ အထောက်အကူ ဖြစ်စေရန်ရည်ရွယ်ပြီး ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ ယခုအလယ်အလတ်အဆင့် Pre- Intermediate အဂင်္လိပ်စာ ကျွမ်းကျင်မှုသင်တန်းတွင် ထူးချွန်စွာအောင်မြင်တဲ့သင်တန်းသား/ သူများကို Intermediate Level နှင့် Advance Level  သင်တန်းများကို ဆက်လက်သင်ကြားဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် နိုင်ငံတကာ ပြိုင်ပွဲများတွင် ဘာသာစကားကျွမ်းကျင်မှုရှိမှသာ ပြောဆိုဆက်ဆံရာတွင် အဆင်ပြေ ချောမွေ့စေ မှာဖြစ်ကြောင်း၊ သင်တန်းသို့တက်ရောက်လာသော ဌာနခွဲအသီးသီးမှ သင်တန်းသား/သူများများကလည်း သင်ကြားပေးသော ဆရာများ၏ပို့ချမှုများကို ဂရုတစိုက်လေ့လာသင်ယူပြီး မိမိတို့ဌာနတွင် ပြန်လည်ဝေမျှပေးနိုင်မည်ဖြစ်ကြောင်း၊ ယခုတက်ရောက်သော သင်တန်းသား/သူများအနေဖြင့် အဂင်္လိပ်စာကျွမ်းကျင်ပိုင်နိုင်အောင် လေ့ကျင်ပြီး အကျိုးရှိရှိပြန်လည်အသုံးချပြီး ဌာနအကြီးအကဲများ အားကိုးအားထားပြုနိုင်သည့် ဝန်ထမ်းကောင်းများဖြစ်အောင်ကြိုးစားသွားကြဖို့တိုက်တွန်းမှာကြားခဲ့ပါသည်။
 
 
အဆိုပါ  Pre- Intermediate အင်္ဂလိပ်စာကျွမ်းကျင်မှုသင်တန်းတွင် သင်တန်းသား/ သင်တန်းသူ စုစုပေါင်း (၂၃)ဦးတို့ တက်ရောက်သင်ကြားပြီး (၁၂-၃-၂ဝ၁၈)ရက်နေ့မှ (၁၉-၅-၂ဝ၁၈)ရက်နေ့အထိ သင်ကြားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
 

back to top Eng