skip to content
 
နေပြည်တော်၊ မေလ(၅)ရက်
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်တို့ပူးပေါင်းဖွင့်လှစ်သည့် ကြက်တောင်ဥပဒေနှင့် ဒိုင်လူကြီးသင်တန်း(၁/၂ဝ၁၈)ဖွင့်ပွဲအခမ်းအနားကို  ယနေ့နံနက် (၈:ဝဝ)နာရီ အချိန်တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း Gold Medal Hall ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးထွန်းမြင့်ဦးနှင့်တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသို့တက်ရောက်မည့် ဝန်ကြီးဌာနအသီးသီးမှသင်တန်းသား/ သင်တန်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။
 
ရှေးဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးထွန်းမြင့်ဦးမှ အဖွင့်အမှာစကားပြောကြားရာတွင် အားကစား အဆင့်အတန်း တိုးတက်မြင့်မားရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကြက်တောင်အားကစားနည်းသည် ယခုဆိုနိုင်ငံတကာပြိုင်ပွဲများတွင် အထိုက်အလျောက််ဆုတံဆိပ်များကို ရရှိပေးနိုင်သော အားကစားနည်းတစ်ရပ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်အနေနဲ့ စီမံချက်များချမှတ်ပြီး နည်းပြအပိုင်း၊ အားကစားသမားအပိုင်း၊ ဒိုင်လူကြီးအပိုင်းများကို စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတကာပြိုင်ပွဲများတွင်လည်း အောင်မြင်မှုများရရှိလာသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ အားကစားနည်းတစ်ခုနိုင်ငံတကာပြိိုင်ပွဲများမှာအောင်မြင်မှုရရှိဖို့ဆိုတာ ဒိုင်လူကြီးများ၏အလေးသာမှုဟာ အရေးကြီးပါကြောင်း၊ ယခုလိုကြက်တောင်ဥပဒေနှင့်ဒိုင်လူကြီး သင်တန်းဖွင့်လှစ်ရခြင်းသည် ကြက်တောင်အားကစားနည်းထွန်းကားဖို့အတွက် နည်းပြများ၊ မျိုးဆက်သစ်အားကစားသမားများနှင့်ဒိုင်လူကြီးများကို မွေးထုတ်ပေးနိုင်မည်ဟုယုံကြည်ပါကြောင်း၊ ယခုတက်ရောက်လာသော သင်တန်းသား/သူများအနေဖြင့်သင်တန်းမှပို့ချသောစာတွေကလက်တွေ့များ၊ နည်းဥပဒေများ၊ စည်းမျဉ်း/စည်းကမ်းများကို စနစ်တကျသင်ယူလိုက်နာမှတ်သားစေလိုကြောင်း၊ ဒိုင်လူကြီးများ၏အခန်းကဏ္ဍများသည် ပြိုင်ပွဲတစ်ခုကို အောင်မြင်စွာဆောင်ရွက်ပေးနိုင်ရုံသာမက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်သော အားကစားသမားများကိုလည်းမှန်ကန်တိကျသော နည်းစနစ်တွေ၊ နည်းဥပဒေများ၊ နိုင််ငံတကာပြိုင်ပွဲများတွင်မမှားသင့်သော အမှားများမပြုလုပ်မိစေရန်နှင့် အားကစားသမားကောင်းလိုက်နာရမည့်လုပ်ဆောင်ချက်များကိုလည်း သင်ကြားပေးရမည်ဖြစ်သည့်အတွက် ဒိုင်လူကြီးများ၏တာဝန်သည် ကြီးမားလေးလံသည်ကိုလည်းမှတ်သားစေလိုကြောင်း၊ ယခုသင်တန်းမှ တစ်ဆင့် ကြက်တောင်အားကစားနည်းအတွက် ဆုတံဆိပ်များရယူသည့်နေရာတွင် ပါဝင်ပံ့ပိုးပေးနိုင်သည့် ဒိုင်လူကြီးကောင်းများဖြစ်အောင် ကြိုးစားစေလိုကြောင်း တိုက်တွန််းပြောကြားခဲ့ပါသည်။
 
  
 
ဆက်လက်ပြီး သင်တန်းသို့တက်ရောက်လာသော သင်တန်းနည်းပြများနှင့်သင်တန်းသား/ သူများမှ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးထွန်းမြင့်ဦးနှင့်တာဝန်ရှိ သူများအား တစ်ဦးချင်းမိတ်ဆက်ဂါဝရပြုကြပါသည်။
 
ဆက်လက်ပြီး မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်အတွင်းရေမှူးဦးဉာဏ်လွင်မှ သင်တန်းဖွင့် နှုတ်ခွန်းဆက်စကားများနှင့်  ယခုသင်တန်းကိုဝန်ကြီးဌာနအသီးသီးမှ ကြက်တောင်အားကစားနည်း စိတ်ပါဝင်စားပြီးအမြောက်အများတက်ရောက်သည့်အတွက် အလွန်ကျေနပ်မိပါကြောင်း ပြောကြားခဲ့ ပါသည်။
 
အဆိုပါ ကြက်တောင်ဥပဒေနှင့်ဒိုင်လူကြီးသင်တန်း(၁/၂ဝ၁၈)တွင် သင်တန်းသား(၂၂)ဦး၊ သင်တန်းသူ(၈)ဦး စုစုပေါင်း (၃ဝ)ဦးတို့ တက်ရောက်သင်ကြားပြီး မေလ(၅)ရက်မှ (၁၄)ရက်နေ့အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
 

back to top Eng