skip to content
 
နေပြည်တော်၊ မေလ(၁၄)ရက်။
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပပြုလုပ်သော ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ကြက်တောင်ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်မှစတင်ပြီး နောက်ဆုံးနေ့ဗိုလ်လုပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ယှဉ်ပြိုင်ကစားကြပြီး ဆုပေးပွဲ အခမ်းအနားကို ပြိုင်ပွဲများအပြီးတွင်ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်ဆန်းနှင့် ñွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံ ကြက်တောင် အဖွဲ့ချုပ်ဥက္ကဌ ဦးအောင်ပိုင်နှင့်အမှုဆောင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။
 
ယနေ့နောက်ဆုံးနေ့ဗိုလ်လုပွဲစဉ်များအဖြစ် အမျိုးသားအသင်းလိုက်ပြိုင်ပွဲတွင် ရှမ်းပြည်နယ်အသင်းနှင့်မန္တလေးတိုင်းဒေသကြီးအသင်းတို့ယှဉ်ပြိုင်ကစားကြရာ ရှမ်းပြည်နယ် အသင်းမှ (၃-ဝ)မှတ်ဖြင့်လည်းကောင်း၊ အမျိုးသမီးအသင်းလိုက်ပြိုင််ပွဲတွင် ရန်ကုန်တုိ်င်းဒေသကြီး အသင်းနှင့်ရှမ်းပြည်နယ်အသင်းတို့ယှဉ်ပြိုင်ကစားကြရာရန်ကုန်တိုင်းဒေသကြီးအသင်းမှ(၃-၂)မှတ် ဖြင့်လည်းကောင်းအသီးသီးအနိုင်ရရှိသွားကြောင်း သိရရှိပါသည်။
 
ပြိုင်ပွဲအပြီး ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ အမျိုးသား အသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသော ရှမ်းပြည်နယ်အသင်း၊ ဒုတိယဆုရရှိသော မန္တလေးတိုင်းဒေသကြီးအသင်း၊ ပူးတွဲတတိယဆုရရှိသော ဧရာဝတီတိုင််းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်း ဒေသကြီးအသင်းတို့အားလည်းကောင်း၊ အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲတွင် ပထမ ဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသောရှမ်းပြည်နယ်အသင်း၊ ပူးတွဲတတိယ ဆုရရှိသော ပဲခူးတိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့အား အားကစားနှင့်ကာယပညာ ဦးစီးဌာန၊ တာဝန်ရှိ်သူများမှဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။
 
  
 
အကောင်းဆုံးအမျိုးသားအားကစားသမားဆုရရှိသော ရှမ်းပြည်နယ်အသင်းမှ မောင်ရဲမင်းလွင်နှင့် အကောင်းဆုံးအမျိုးသမီးအားကစားသမားဆုရရှိသော မခိုင်သဥ္ဇာတို့အား မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ် အမှုဆောင်ဦးရဲနိုင်မှလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
 
အမျိုးသမီးတံခွန်စိုက်ဆုဖလားရရှိ်သောရန်ကုန်တိုင်းဒေသကြီးအသင်းအား မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ်ဥက္ကဌဦးအောင်ပိုင်မှလည်းကောင်း၊ အမျိုးသားတံခွန်စိုက်ဆုဖလား ရရှိသော ရှမ်းပြည်နယ်အသင်းအား အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းမှလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိ်ပါသည်။
 

back to top Eng