skip to content
 
ရန်ကုန်၊ မေလ( ၁၄ )ရက်။    
 
၂ဝ၁၈ခုနှစ်၊ (၁၁)ကြိမ်မြောက်ကိုရီးယားသံအမတ်ကြီးဖလား  တိုက်ကွမ်ဒိုပြိုင်ပွဲ၊ဆုပေးပွဲကို ယနေ့ညနေ (၃)နာရီက ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁)သုဝဏ္ဏ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး နှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး Mr. Lee Sang  Hwa နှင့် သံရုံးတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်ဥက္ကဌ ဦးမြဟန်နှင့် ဒုတိယဥက္ကဌများ၊ အမှုဆောင်များ တက်ရောက်ကြသည်။
 
ရှေးဦးစွာ နွေရာသီသင်တန်း သက်တန်းအလိုက် အတိုက်ဗိုလ်လုပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး  အဆင့်မြင့်တန်း/အလွတ်တန်း အတိုက်နှင့် ကကွက်ပြိုင်ပွဲ၊ ဗိုလ်လုပြိုင်ပွဲများကျင်းပပြုလုပ်ခဲ့ပြီး ဆုပေးပွဲကိုဆက်လက်ကျင်းပခဲ့ရာ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က (၂ဝ-၂၄) kg တန်းတွင် အမျိုးသားအကောင်းဆုံးအားကစားသမားဆုရ အောင်မြင့်မြတ်ဝင်း(YTC)အသင်းအား ဆုများချီးမြ§င့်၍လည်းကောင်း၊  မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး Mr. Lee Sang  Hwa က (၃၆ - ၄ဝ) kg တန်းတွင် အမျိုးသမီးအကောင်းဆုံးအားကစားသမားဆုရ ကတ်သရင်း (ကယား)အသင်းအား ဆုများချီးမြှင့်ပေးခဲ့သည်။
 
ဆက်လက်၍ နွေရာသီသင်တန်း (ခါးစည်အဖြူ)တန်း အတိုက်ပြိုင်ပွဲ၌ ပထမ အောင်ဆန်းအသင်း၊ ဒုတိယ ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် တတိယ Dragon  အသင်းတို့အားလည်းကောင်း၊ အသက်(၁၄)နှစ်အောက် (ခါးစည်းကာလာ)တန်းပြိုင်ပွဲ၌  ပထမ ကယားပြည်နယ်အသင်း၊ ဒုတိယ အောင်ဆန်းအသင်းနှင့် တတိယ YTC  အသင်းတို့အား လည်းကောင်း၊ အသက်(၁၈)နှစ်အောက် (ကာလာ)တန်း အတိုက်ပြိုင်ပွဲ၌ ပထမ အောင်ဆန်းအသင်း၊ ဒုတိယ အား/ကာသိပ္ပံ (ရန်ကုန်)အသင်း၊ တတိယ ကယားပြည်နယ် အသင်းတို့အားလည်းကောင်း၊ အသက်(၁၈)နှစ်အောက် ဝန်ကြီးဌာနအဆင့် အလွတ်တန်း ကကွက်ပြိုင်ပွဲ၌ ပထမ YCDC အသင်း၊ ဒုတိယ ကာကွယ်ရေးဝန်ကြီးဌာနအသင်း၊ တတိယ ကယားပြည်နယ်အသင်းတို့အားလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်များနှင့် ပထမရရှိသော အသင်းများအား သံအမတ်ကြီးတံခွန်စိုက်ဖလားဆုများကို အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးကျော်ဦး၊  မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး Mr. Lee Sang  Hwa  မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်ဥက္ကဌ ဦးမြဟန်နှင့် အထွေထွေအတွင်းရေးမှူး ဦးဇော်ဝင်း ၊ တွဲဘက်အတွင်းရေးမှူး ဒေါ်စိုးစိုးမြာနှင့် နည်းပြချုပ် ဦးကျော်သန်းဦးတို့က ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရှိရသည်။
 

back to top Eng