skip to content

နေပြည်တော်၊ မေ(၁၉)ရက်။      

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်တို့ပူးပေါင်း၍ တစ်မျိုးသားလုံးကျန်းမာ ကြံ့ခိုင်သော လူငယ်/လူရွယ်များဖြစ်ပေါ်လာစေရေး၊ ဘိလိယက်နှင့်စနူကာ အားကစားနည်းကို ယခုထက်ပိုမိုတိုးတက်ဖွံ့ဖြိုးစေရေးနှင့် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ် လာစေရေးတို့အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပြုလုပ် လျက်ရှိပြီး ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘိလိယက်နှင့်စနူကာပြိုင်ပွဲ ယနေ့ပွဲစဉ် (၁၆)ပွဲတွင် စုစုပေါင်းကစားသမား(၅၆)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြရာ၊ စနူကာနှစ်ယောက်တွဲ ရှုံး/ထွက် အဆင့်ပွဲစဉ်များအဖြစ် သက်နိုင်ဦး+ကောင်းဇံထက်(မကွေး)နှင့် ဇင်မင်းထက်+ အောင်သက်ပိုင်(ကချင်)တို့ ယှဉ်ပြိုင်ကြရာ သက်နိုင်ဦး+ကောင်းဇံထက်(မကွေး)မှ (၂)ပွဲ ပြတ်ဖြင့်လည်းကောင်း၊လွင်ရှိုင်း+ဇော်မိုးအောင်(ကရင်)နှင့် အောင်မျိုးသူ+ချမ်းကိုကို(မွန်)တို့ယှဉ်ပြိုင် ကြရာလွင်ရှိုင်း+ဇော်မိုးအောင်(ကရင်)မှ (၂)ပွဲ(၁)ပွဲဖြင့်လည်းကောင်း၊ သော်ဇင်ထက်+ဟိန်းထက်ပိုင် (ရန်ကုန်)နှင့် မျိုးကိုထွေး+ဇော်ထွဋ်(ရှမ်း)တို့ယှဉ်ပြိုင်ကြရာ မျိုးကိုထွေး+ဇော်ထွဋ်(ရှမ်း)မှ (၂)ပွဲ(၁)ပွဲ ဖြင့်လည်းကောင်း၊ ခွန်ဇင်ဖြိုးကျော်+ရန်နိုင်ကျော်(ကယား)နှင့် ရာဇာဟန်+ရဲဝင်းအောင်(ဧရာဝတီ) တို့ယှဉ်ပြိုင်ကြရာ ရာဇာဟန်+ရဲဝင်းအောင်(ဧရာဝတီ)မှ(၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ နေလင်းထွန်း+ ကျော်ဝေယံစိုး(မကွေး)နှင့် မျိုးမင်းသိန်း+လက်ဆန်(ကချင်)တို့ယှဉ်ပြိုင်ကြရာ နေလင်းထွန်း+ ကျော်ဝေယံစိုး(မကွေး) မှ (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ အောင်မျိုးထွန်း+ကျော်မင်းစိုး(တနင်္သာရီ)နှင့် အောင်နိုင်စိုး+ဝင်းသက်ပိုင်(ပဲခူး)တို့ယှဉ်ပြိုင်ကြရာ အောင်မျိုးထွန်း+ကျော်မင်းစိုး(တနင်္သာရီ)မှ (၂)ပွဲ ပြတ်ဖြင့်လည်းကောင်း၊ စည်သူလွင်+အောင်ဖုန်းထက်(မန္တလေး)နှင့် စည်သူပြည့်+ဇင်မင်းထွန်း (စစ်ကိုင်း)တို့ယှဉ်ပြိုင်ကြရာ စည်သူပြည့်+ဇင်မင်းထွန်း(စစ်ကိုင်း)မှ (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ မိုးသက်တင်+ချမ်းမြေ့အောင်(ဧရာဝတီ)နှင့် စိုးပြည့်သျှံ+ရဲရင့်မှူး(မွန်)တို့ယှဉ်ပြိုင်ကြရာ စိုးပြည့်သျှံ+ ရဲရင့်မှူး(မွန်)မှ (၂)ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသွားပါသည်။

ဆက်လက်ပြီး ဘိလိယက်တစ်ဦးချင်း ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် ထွန်းထွန်းဝင်း(ဧရာဝတီ) နှင့်သန့်ဇော်ထွန်း(ရန်ကုန်)၊ စည်သူစိုး(ပဲခူး)နှင့် ကြည်ဖေလင်း(ဧရာဝတီ) တို့မှလည်းကောင်း၊ စနူကာတစ်ဦးချင်း ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် ရာဇာဟန်(ဧရာဝတီ)နှင့် ဇင်မင်းထက်(ကချင်)၊ မျိုးကိုထွေး(ရှမ်း)နှင့် အောင်မျိုးထွန်း(တနင်္သာရီ)တို့မှလည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားလျက်ရှိ ကြောင်းသတင်းရရှိပါသည်။


back to top Eng