skip to content

 

နေပြည်တော်၊ မေ(၂ဝ)ရက်။  

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်တို့ပူးပေါင်း၍ တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်သော လူငယ်/လူရွယ်များဖြစ်ပေါ်လာစေရေး၊ ဘိလိယက်နှင့်စနူကာ အားကစားနည်းကို ယခုထက်ပိုမိုတိုးတက်ဖွံ့ဖြိုးစေရေးနှင့် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ် လာစေရေးတို့အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပြုလုပ် လျက်ရှိပြီး ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘိလိယက်နှင့်စနူကာပြိုင်ပွဲ ယနေ့ပွဲစဉ်များတွင် စနူကာနှစ်ယောက်တွဲ ကွာတားဖိုင်နယ်ပွဲစဉ်များအဖြစ် သက်နိုင်ဦး+ကောင်းဇံထက်(မကွေး)နှင့် လွင်ရှိုင်း+ဇော်မိုးအောင်(ကရင်)တို့ ယှဉ်ပြိုင်ကြရာ သက်နိုင်ဦး+ကောင်းဇံထက်(မကွေး)မှ (၂)ပွဲပြတ် ဖြင့်လည်းကောင်း၊ မျိုးကိုထွေး+ဇော်ထွဋ်(ရှမ်း)နှင့် ရာဇာဟန်+ရဲဝင်းအောင်(ဧရာဝတီ)တို့ယှဉ်ပြိုင်ကြ ရာ မျိုးကိုထွေး+ဇော်ထွဋ်(ရှမ်း)မှ (၂)ပွဲ(၁)ပွဲဖြင့်လည်းကောင်း၊ နေလင်းထွန်း+ ကျော်ဝေယံစိုး (မကွေး)နှင့် အောင်မျိုးထွန်း+ကျော်မင်းစိုး (တနင်္သာရီ)တို့ ယှဉ်ပြိုင်ကြရာ နေလင်းထွန်း+ ကျော်ဝေယံစိုး (မကွေး)မှ (၂)ပွဲပြတ် ဖြင့်လည်းကောင်း၊ စည်သူပြည့်+ဇင်မင်းထွန်း(စစ်ကိုင်း)နှင့် စိုးပြည့်သျှံ+ရဲရင့်မှူး(မွန်)တို့ယှဉ်ပြိုင်ကြရာ စိုးပြည့်သျှံ+ ရဲရင့်မှူး(မွန်)မှ (၂)ပွဲ(၁)ပွဲဖြင့်လည်းကောင်း

ဘိလိယက်တစ်ဦးချင်း တတိယလုပွဲအဖြစ် ထွန်းထွန်းဝင်း(ဧရာဝတီ)နှင့် ကြည်ဖေလင်း (ဧရာဝတီ)တို့ ယှဉ်ပြိုင်ကြရာ ထွန်းထွန်းဝင်း(ဧရာဝတီ)မှ (၂)ပွဲ(၁)ပွဲဖြင့်လည်းကောင်း၊ စနူကာ တစ်ဦးချင်းတတိယလုပွဲအဖြစ် ဇင်မင်းထက်(ကချင်)နှင့် အောင်မျိုးထွန်း(တနင်္သာရီ)တို့ယှဉ်ပြိုင်ကြရာ ဇင်မင်းထက်(ကချင်)မှ (၂)ပွဲ(၁)ပွဲဖြင့်လည်းကောင်း

ဘိလိယက်နှစ်ယောက်တွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် နေလင်းအောင်+ခန့်မင်းထွန်း (စစ်ကိုင်း)နှင့် ချမ်းငြိမ်းသူ+အောင်ဆွေမင်း(မကွေး)တို့ ယှဉ်ပြိုင်ကြရာ ချမ်းငြိမ်းသူ+ အောင်ဆွေမင်း (မကွေး)မှ (၃)ပွဲ(၂)ပွဲ ဖြင့်လည်းကောင်း၊ သီဟအောင်+အောင်မျိုးဦး(ရှမ်း)နှင့် စည်သူစိုး+  ကောင်းထွဋ်လင်း(ပဲခူး)တို့ ယှဉ်ပြိုင်ကြရာ သီဟအောင်+ အောင်မျိုးဦး(ရှမ်း)မှ (၃)ပွဲ(၁)ပွဲ        ဖြင့်လည်းကောင်း

စနူကာနှစ်ယောက်တွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် သက်နိုင်ဦး+ကောင်းဇံထက်(မကွေး) နှင့် မျိုးကိုထွေး+ဇော်ထွဋ်(ရှမ်း)တို့ ယှဉ်ပြိုင်ကြရာ မျိုးကိုထွေး+ဇော်ထွဋ်(ရှမ်း)မှ (၃)ပွဲ(၂)ပွဲ ဖြင့်လည်းကောင်း၊ နေလင်းထွန်း+ ကျော်ဝေယံစိုး(မကွေး)နှင့် စိုးပြည့်သျှံ+ရဲရင့်မှူး(မွန်)တို့ ယှဉ်ပြိုင် ကြရာ နေလင်းထွန်း+ ကျော်ဝေယံစိုး(မကွေး)မှ (၃)ပွဲ(၂)ပွဲဖြင့်လည်းကောင်း အသီးသီးအနိုင် ရရှိသွားပါသည်။

ဆက်လက်ပြီး ဘိလိယက်နှစ်ယောက်တွဲ တတိယလုပွဲအဖြစ် နေလင်းအောင်+ခန့်မင်းထွန်း (စစ်ကိုင်း)နှင့်စည်သူစိုး+ကောင်းထွဋ်လင်း(ပဲခူး)တို့မှလည်းကောင်း၊ စနူကာနှစ်ယောက်တွဲတတိယလု ပွဲအဖြစ် သက်နိုင်ဦး+ကောင်းဇံထက်(မကွေး)နှင့် စိုးပြည့်သျှံ+ရဲရင့်မှူး(မွန်) တို့မှလည်းကောင်း ဆက်လက်ယှဉ်ပြိုင်လျက်ရှိပြီး စုစုပေါင်းပွဲစဉ် (၁၂)ပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်ကစားသမား (၄၄)ဦးသည် ယနေ့နံနက်(၁ဝ:ဝဝ)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဘိလိယက်ရုံ၌ စတင်ကစားခဲ့ပြီး နောက်ဆုံးနေ့ ဗိုလ်လုပွဲစဉ်များကို (၂၁.၅.၂ဝ၁၈)ရက်နေ့ နံနက်(၁ဝ:ဝဝ)နာရီတွင် စတင်ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ဆုပေးပွဲအခမ်း အနားအား ညနေ (၄:ဝဝ)အချိန်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် ဘိလိယက်နှင့်စနူကာ အားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုနိုင်ပါကြောင်း သိရှိရသည်။


back to top Eng