skip to content

နေပြည်တော်၊ မေ(၂၃)ရက်။  

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငဘော်လီဘောအဖွဲ့ချုပ်တို့ပူးပေါင်း၍ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်သော လူငယ်/လူရွယ်များဖြစ်ပေါ်လာစေရေး၊ ဘော်လီဘောအားကစားနည်းကို ယခုထက် ပိုမိုတိုးတက် ဖွံ့ဖြိုးစေရေးနှင့် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရေးတို့အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိပြီး ၂ဝ၁၈ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဘော်လီဘောပြိုင်ပွဲ အမျိုးသား/အမျိုးသမီးအုပ်စုပတ်လည်ပွဲစဉ်များကို ယနေ့ နံနက်(၈:ဝဝ)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ စတင်ယှဉ်ပြိုင်ကစားလျက်ရှိ ပါသည်။

ရှေးဦစွာ အမျိုးသားအုပ်စုပတ်လည်ပွဲစဉ်များအဖြစ် ကရင်ပြည်နယ်အသင်းနှင့် ချင်းပြည်နယ် အသင်းတို့ယှဉ်ပြိုင်ကစားကြရာ ကရင်ပြည်နယ်အသင်းမှ (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ တနင်္သာရီ တိုင်းဒေသကြီးအသင်းနှင့် နေပြည်တော်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ နေပြည်တော်အသင်းမှ (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရှမ်းပြည်နယ်အသင်းမှ (၃)ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသွားပါသည်။ ဆက်လက်ပြီး အမျိုးသမီးအုပ်စုပတ်လည်ပွဲစဉ်များကို ယှဉ်ပြိုင်ကစားရာ     ပဲခူးတိုင်းဒေသကြီး  အသင်း နှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်း မှ(၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်အသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကချင်ပြည်နယ်အသင်းမှ (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ မန္တလေး တိုင်းဒေသကြီးအသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မန္တလေးတိုင်းဒေသကြီးအသင်းမှ (၃)ပွဲပြတ် ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသွားပါသည်။

အဆိုပါတိုင်းဒေသကြီးနှင့်ပြည်နယ်အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲများကို (၂၂-၅-၂ဝ၁၈)ရက်နေ့မှ (၃၁-၅-၂ဝ၁၈)ရက်နေ့အထိ နေ့စဉ်နံနက်(၈)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသောမိဘပြည်သူများ အနေဖြင့် အခမဲ့လာရောက်ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိပါသည်။


back to top Eng