skip to content

နေပြည်တော်၊ဇွန်လ(၁၈)ရက်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်တို့ ပူးပေါင်း၍မျိုးဆက်သစ်စားပွဲတင်တင်းနစ် အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်သော ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် စားပွဲတင်တင်းနစ်ပြိုင်ပွဲကို ယနေ့နံနက်(၉:ဝဝ)နာရီအချိန်မှ စတင်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ အမျိုးသား/အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး (၂)ယောက်တွဲပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားလျက် ရှိပါသည်။

အဆိုပါပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို (၁၉.၆.၂ဝ၁၈)ရက်နေ့ နံနက် (၁ဝ:၃ဝ)နာရီအချိန်တွင် ကျင်းပပြုလုပ်သွားမည်သွားမည်ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါဝင်စားသူ မိဘပြည်သူများအနေဖြင့် အခမဲ့လာရောက် ကြည့်ရှုနိုင်ပါကြောင်း သတင်း ရရှိပါသည်။


back to top Eng