skip to content

ရန်ကုန်၊ ဇွန်လ(၂၂)ရက်။          

၂ဝ၁၈-ခုနှစ်၊ ပထမအကြိမ် အဖွဲ့ချုပ်ဥက္ကဌဖလားနှင့် ဖိတ်ခေါ်ကရာတေးဒိုပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက် (၉)နာရီက ရန်ကုန်မြို့ အောင်ဆန်းအားကစားပြိုင်ဝင်း (မိုးလုံ/လေလုံ) အားကစားခန်းမ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ ကရာတေးဒိုအဖွဲ့ချုပ် ဂုဏ်ထူးဆောင် နာယက ဦးအောင်ဒင်၊ မြန်မာနိုင်ငံ ကရာတေးဒိုအဖွဲ့ချုပ်ဥက္ကဌ ဒေါက်တာဝင်းဇော်နှင့် ဒုတိယဥက္ကဌများ၊ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကျော်ကျော်မိုးနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ ဖိတ်ကြား ထားသူများတက်ရောက်ကြသည်။

အစီအစဉ်အရ မြန်မာနိုင်ငံ ကရာတေးဒိုအဖွဲ့ချုပဥက္ကဌ ဒေါက်တာဝင်းဇော်မှ အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံကရာတေးဒိုအဖွဲ့ချုပ် ဂုဏ်ထူးဆောင် နာယက ဦးအောင်ဒင်၊ အဖွဲ့ချုပ်ဥက္ကဌ ဒေါက်တာဝင်းဇော်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ကြပြီး အဖွဲ့ချုပ်ဒုတိယဥက္ကဌမှ အ.ထ.က(၃)နှင့် အ.ထ.က (၄) မဂင်္လာတောင်ညွှန့် ကျောင်းများသို့ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။

ဆက်လက်ပြီး မြန်မာနိုင်ငံ ကရာတေးဒိုအဖွဲ့ချုပ်ရှိ စခန်းသွင်းအားကစားသမားများက ကရာတေးဒို အားကစားဖြင့်သရုပ်ပြသကြသည်။

အဆိုပါပြိုင်ပွဲသို့ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၊ ကလပ်အသင်းများ၊ ဝန်ကြီးဌာန အသင်းများ၊ ပြည်ထဲရေးနှင့်ကာကွယ်ရေးဝန်ကြီးဌာနအသင်းများ၊ စုစုပေါင်း အသင်း(၂၇) သင်းမှ အားကစားသမားစုစုပေါင်း(၃၇ဝ)ဦး တို့က အကြီးတန်း Kata/ kumite ကီလိုတန်းလိုက်ပြိုင်ပွဲများ၊ အမျိုးသား/အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲများ၊ အသက်(၁၄) နှစ် အောက်နှင့် အသက်(၁၂)နှစ်အောက် Kata/ kumite ပြိုင်ပွဲများ၊ Kata/ kumite  အလွတ်တန်း ဖိတ်ခေါ်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။


back to top Eng