skip to content
 
နေပြည်တော်၊ စက်တင်ဘာ (၄)ရက်။
 
နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ်  ထွက်ပေါ်လာစေရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်အားကစားပြိုင်ပွဲများကို နှစ်စဉ် ကျင်းပလျက်ရှိပြီး ၂ဝ၁၇ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ခြင်းလုံးအားကစားပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ပွဲရုံ(B)၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊  အာရှခြင်းလုံးအဖွဲ့ချုပ် ဥက္ကဌနှင့် မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် ဥက္ကဌဦးစိုးနိုင်နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်မှ ပြိုင်ပွဲဝင်အသင်း အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစား သမားများ တက်ရောက်ကြပါသည်။
 
ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းဝင်ရောက် နေရာယူပြီးနောက် ñွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် ယခုပြိုင်ပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ အားကစား သမားများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိလာစေရန်နှင့် ခြင်းလုံးအားကစားနည်း အပေါ် မျိုးဆက်သစ်လူငယ်များ ပိုမိုစိတ်ဝင်စားလာပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်ပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ကို မြ§င့်တင်ပေးနိုင်မည့် ထူးချွန်ထက်မြက်သော မျိုးဆက်သစ် ခြင်းလုံး အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်အတွက် ရည်ရွယ်ကျင်းပရခြင်း ဖြစ်ပါကြောင်း၊
 
မြန်မာ့ရိုးရာခြင်းလုံးခတ်ကစားခြင်းကို ပြည်သူလူထုအတွင်း တစ်နှစ်ထက်တစ်နှစ် တိုးတက် လာစေပြီးဓခြင်းလုံးအစ မြန်မာကဓ ဆိုသည့်အယူအဆကို ကမ္ဘာသို့တိုင်အောင် ဖော်ဆောင်နိုင်ရေး၊  ခြင်းလုံးခတ်ကစားခြင်းသည် မြန်မာ့ယှဉ်ကျေးမှုကို အခြေခံသည့် ရိုးရာအားကစားနည်းဖြစ်ပြီး အားကစားကွင်း ဧရိယာ ကျဉ်းကျဉ်းမှာ ကုန်ကျစရိတ် နည်းနည်းနှင့် ဝန်းကျဉ်းတဲ့ ကစားနည်းဖြစ်ပြီး ပြည်သူများ လွယ်ကူစွာ ကစားနိုင်သည့် အားကစားနည်းဖြစ်ကြောင်း၊
 
မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်၏ ဓအပေးအယူ ချစ်ကြည်ဖြူ ခြင်းမူစာဂ မျှစိတ္တဓ ဆိုသည့် ခြင်းလုံး အားကစားဆောင်ပုဒ်အတို်င်း ကစားသူအချင်းချင်း အပေးအယူမျှတတဲ့စိတ်၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ကြည်ဖြူတဲ့စိတ်၊ တရားမျှတတဲ့စိတ်များ မွေးမြူဖော်ဆောင်ပြီး မြန်မာ့စရိုက်၊ မြန်မာ့အကြိုက်နှင့် ကိုက်ညီသည့် ကစားနည်းဖြစ်ကြောင်း၊
 
 
မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်းအနေဖြင့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲနှင့် (၂၈)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရွှေ(၈)ခု ဆွတ်ခူးနိုင်ခဲ့ပြီး ယခု ၂ဝ၁၇ ခုနှစ် သြဂုတ်လတွင် မလေးရှားနိုင်ငံမှ အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်ခဲ့သည့် (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီးတွင် ရွှေ(၂)ခုကို ဆွတ်ခူးရရှိခဲ့ပါကြောင်း၊ 
 
ခြင်းလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့် ခြင်းလုံးအားကစားနည်းဖြင့် နိုင်ငံံ့ဂုဏ်ဆောင်နိုင်ရန်အတွက် ရည်မှန်းချက်ထားပြီး ပြိုင်ပွဲတွင် မိမိတို့၏ အားကစား အရည်အချင်းများကို ထုတ်ဖော်ပြသ ယှဉ်ပြိုင်ကြစေလိုကြောင်း၊ 
 
တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ ခြင်းလုံးအားကစား မောင်/မယ်များတို့သည် ခြင်းလုံး အားကစားပြိုင်ပွဲမှတဆင့် ချစ်ကြည်ပူးပေါင်းမှု ရရှိပြီး ပြည်ထောင်စုစိတ်ဓါတ် တိုးတက်မြင့်မားရေး၊ အမျိုးသားရေးစိတ်ဓါတ် ရှင်သန်ထက်မြက်ရေး၊ မြန်မာ့ရိုးရာ အမွေအနှစ်ဖြစ်သည့် အားကစားနည်း ဖြစ်သည့် ခြင်းလုံးအားကစား ပိုမိုရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေး၊ ခြင်းလုံးအားကစားသမား မောင်/မယ်သစ်လွင်များ ပေါ်ပေါက်စေရေးတို့အတွက် အစွမ်းကုန် ကြိုးစားယှဉ်ပြိုင်သွားကြပါလို့ တိုက်တွန်းမှာကြားရင်း ၂ဝ၁၇ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ခြင်းလုံးပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့ကြောင်း၊ 
ယင်းနောက် ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ အာရှခြင်းလုံးအဖွဲ့ချုပ် ဥက္ကဌနှင့် မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် ဥက္ကဌဦးစိုးနိုင်နှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ကြပြီးနောက် တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်နေမှုများအား ကြည့်ရှု အားပေးခဲ့ကြောင်း၊
 
အဆိုပါ ၂ဝ၁၇ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ခြင်းလုံးပြိုင်ပွဲတွင်  တိုင်းဒေသကြီးနှင့် ပြည်နယ်ရှိ အမျိုးသားအသင်း(၁၁)သင်း၊ အမျိုးသမီး အသင်း(၃)သင်းတို့မှ အားကစားသမား စုစုပေါင်း (၁ဝ၉)ဦးသည် စက်တင်ဘာလ (၄)ရက်နေ့မှ (၇)ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ပွဲရုံ(B)တွင် နေ့စဉ်နံနက်(၉)နာရီမှ စတင်ပြီး ယှဉ်ပြိုင်ကစားကြမည် ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက် ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။
 

back to top Eng