skip to content
 
ရန်ကုန်၊ စက်တင်ဘာလ(၄)ရက်။
 
ကမ်ပို အားကစားနည်းသည် ပြိုင်ဘက်တစ်ယောက် အား အနိုင်ယူခြင်းတစ်ခုတည်းမဟုတ်ဘဲ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိစေရန်၊ ခွန်အားရှိစွာ ရှင်သန်နိုင်ရန် ပျိုးထောင်ပေးသော ကစားနည်းတစ်ခုဖြစ်ပါသည်။ လူတစ်ယောက်ချင်းစီအတွက် ညီမျှသော ဖွံ့ဖြိုးမှုရရှိစေရန် ဤကစားနည်း၏ လေ့ကျင့်မှုနည်းစနစ်အား အပိုင်း(၃)ပိုင်းခွဲ၍ ခန္ဓာကိုယ် ရုပ်ပိုင်းဆိုင်ရာနည်းစနစ်၊ ဥာဏ်ပညာ (သင်ပြခြင်းနှင့်သဘာဝတရား)တို့ အပြင် စိတ်(Chinkongyo နှင့်တရားထိုင်ခြင်း) တို့ဘဲဖြစ်ပြီး၊ မြန်မာ့ယဉ်ကျေးမှုနှင့်ကိုက်ညီပြီး မြန်မာနိုင်ငံအတွင်း Shorinji Kempo အားကစားနည်း ကျယ်ပြန့်စွာ ပြန့်ပွား လာနေစေရေး အတွက် ရည်ရွယ်၍ ယနေ့ကျင်းပပြုလုပ်သည့် အားကစား နှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာ နိုင်ငံကမ်ပိုအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ကမ်ပိုအားကစားနည်းသင်တန်း(၁/၂ဝ၁၇) သင်တန်းဖွင့်ပွဲအခမ်းအနားကိုယနေ့နံနက်(ဝ၉)နာရီကရန်ကုန်မြို့ကျိုက်က္ကဆံ အားကစား ကွင်းရှိအားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)သင်တန်းခန်းမ၌ ကျင်းပခဲ့ရာ မြန်မာ နိုင်ငံအားကစားအဖွဲ့ချုပ်များပြန်လည် ဖွဲ့စည်းကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင် ñွှန်ကြား ရေးမှူးချုပ်ဟောင်း ဦးအောင်ဒင်နှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ကျွမ်းကျင်ပညာရှင်ဒေါက်တာမြလေးစိန်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ဦးစီးဌာန ñွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)ဒုတိယကျောင်းအုပ်ကြီး ဦးဗလကျော်သူ၊ မြန်မာနိုင်ငံ ကမ်ပိုအဖွဲ့ချုပ်ဥက္ကြ ဦးကျော်မိုးနိုင်၊ ဒုတိယဥက္ကဌများနှင့်အမှုဆောင်များ၊ (WSKO)မှ တာဝန်ပေးအပ်သူ သင်တန်းနည်းပြ/နည်းစနစ်မှူး Mr. MORINAGA  နှင့် သင်တန်းသား/သင်တန်းသူ များ တက်ရောက်ကြသည်။
 
ဆက်လက်ပြီး မြန်မာနိုင်ငံကမ်ပိုအဖွဲ့ချုပ်ဥက္ကြ ဦးကျော်မိုးနိုင်ကShorinji Kempo  အားကစားနည်းသည် မြန်မာ့ယဉ်ကျေးမှုနှင့် လိုက်လျောညီထွေသော အားကစား နည်း ဖြစ်သောကြောင့် လေ့လာလိုက်စားခြင်းဖြင့် တစ်ဦးတစ်ယောက်ချင်းစီတိုင်း စည်းကမ်းချက်များကို လိုက်နာကျင့်သုံးလေ့ကျင့်ပါက ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာများ တိုးတက်စေ ကြောင်း၊ ကမ်ပိုအားကစားနည်းကို မြန်မာနိုင်ငံ၌(၁၉၉၃)ခုနှစ်အစပိုင်းမှအစပျိုးခဲ့ပြီး အိမ်ရှင် မြန်မာ နိုင်ငံ ၌ကျင်းပခဲ့သော (၂၇)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ကမ်ပို အားကစားနည်းမှ ရွှေ(၆)၊ ငွေ (၁)၊ ကြေး(၇)ခုတို့ကိုရယူပေးနိုင်ခဲ့သော အားကစားနည်း ဖြစ်ပါကြောင်း၊ယခုသင်တန်းဖွင့်လှစ်ပေးရခြင်းမှာလည်း ကမ်ပိုအားကစားနည်း ကို တိုင်းဒေသကြီး နှင့်ပြည်နယ်  ဒေသအသီးသီး၌ကျယ်ပြန့်စွာ ပါဝင်ကစားလာစေရေးအတွက် ရည်ရွယ် ပါကြောင်းဖြင့်ပြောကြားခဲ့ပြီးကမ္ဘာ့ကမ်ပိုအဖွဲ့ချုပ်မှ နည်းစနစ်ကျွမ်းကျင်သူ ဂျပန်နိုင်ငံသား Mr. MORINAGA  က သင်တန်းဖွင့်လှစ်သင်ကြားခွင့်ရရှိတဲ့အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
 
ဆက်လက်ပြီး မြန်မာနိုင်ငံကမ်ပို အဖွဲ့ချုပ် သို့ အလှူငွေများပေးအပ်လှူဒါန်းရာ ရှေးဦးစွာ အောင်သန်းသစ် ကုမ္ပဏီ ဥက္ကဌဦးအောင်မျိုးဟိန်းကိုယ်စား ဒေါ်ဆွေဆွေမြင့်ကက အလှူငွေကျပ် သိန်း(၁ဝဝ)၊ ပိုင်ကုမ္ပဏီဥက္ကဌ ဦးစိုးပိုင်ကိုယ်စား ဦးအောင်စန်းထွေးမှ အလှူငွေကျပ်သိန်း(၁ဝဝ)၊ မြန်မာနိုင်ငံ Ease Net Co.Ltd  မှ ဒေါ်မီမီစောမှ အလှူငွေ ကျပ်သိန်း(၁ဝဝ) တို့ကိုပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံ ကမ်ပိုအဖွဲ့ချုပ်ဥက္ကြ ဦးကျော်မိုးနိုင်မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။
 

back to top Eng